💔 Part-40 (Final - 2) 💔

2.2K 121 36
                                    

"min ပြန်လာခဲ့တော့လေ ။
ကိုယ်စောင့်နေတာ ကြာပြီ "

"အရမ်းချစ်တယ် ။ထားမသွားပါနဲ့ "

ဆေးရုံ ကုတင်ပေါ်မှာပဲ ခေါင်းအုံးဖြူဖြူလေးကို ပိုက်ကာ jimin နာမည်ကိုသာ တဖွဖွ ရွတ်နေသော Taemin ရဲ့ အခြေအနေဟာ အကောင်းဘက်သို့ ကူးမပြောင်းလာခဲ့ပေ။

"ဒီလိုဖြစ်စေဖို့ မရည်ရွယ်ခဲ့တာမို့
တကယ် တောင်းပန်ပါတယ် Taemin ရယ်"

မှန်ပြင် တံခါးအသေးလေးဆီကနေ ကြည့်နေရင်း ကောင်းမွန်မလာသေးသော taeminအားကြည့်ကာ jimin စိတ်ထဲ တဖွဖွ တောင်းပန်နေမိတော့သည်။

"ကျွန်တော် လာနှုတ်ဆက်တာ taemin။
ဒါ နောက်ဆုံးအကြိမ်ပဲ။နောက် လာတွေ့တော့မှာ မဟုတ်လို့ taeminက ဒီပုံစံအတိုင်းနဲ့တော့ လောကကြီးကို အရှူံးမပေးလိုက်ပါနဲ့ ။
နှုတ်ဆက်ခဲ့တယ် taemin။ကျွန်တော်လည်း အတိတ်က ရုန်းထွက်ပြီး အနာဂတ်ကို ဆက်ရှင်သန်တော့မှာပါ"

မှန်ပြင်တံခါးဆီကနေသော စကားများကို ပြောနေမိသည်။taeminကတော့ ခေါင်းအုံးဖြူဖြူလေးကို ဖက်လျက်ပင် စကားများ ပြောနေတော့သည်။

မင်းမရှိတဲ့ ကိုယ့်ဘဝက ဒီလို ဘဝမျိုးနဲ့ပဲ အဆုံးသတ်ရမှာပါ minရယ်~

ကိုယ် အရမ်းချစ်ခဲ့ပါတယ်။

ကိုယ် မပိုင်ဆိုင်ခဲ့ရပေမယ့် ကျေနပ်ပါတယ်။

အနည်းဆုံး ကိုယ့်အချစ်ကို မင်း အသိအမှတ်ပြုရင်ကို ရောင့်ရဲနေပါပြီ။

ဒီလောက်နဲ့ပဲ အဆုံးသတ်ကြတာပေါ့ min။

နောက်ဘဝများရှိခဲ့ရင် ကိုယ့်အချစ်တွေက်ု
လက်ခံပေးမယ့် သူဆီကိုသာ အပ်နှင်းပါရစေ။ကိုယ် နာကျင်ရတာကို မုန်းနေပြီ။

........................................................................

"မင်္ဂလာပါ ။အခု trendဖြစ်နေတဲ့ သတင်းကတော့ နာမည်ကြီး သရုပ်ဆောင် မင်းသား
Jeon Jungkook နဲ့ သူ့ရဲ့ ချစ်သူ Park jimin တို့ရဲ့ မင်္ဂလာကိစ္စပဲဖြစ်ပါတယ်။

Jungkookဟာဆိုရင် လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ
Jiminနဲ့ လက်ထပ်တော့မည်ဖြစ်ကြောင်းကို
သူ့ရဲ့ Instagram accမှာ တင်ခဲ့ပါတယ်။
Interview မှာလည်း ထိုအကြောင်းအရာနဲ့ ပတ်သက်ပြီး အတည်ပြု ထပ်မံ ပြောဆိုခဲ့ပါတယ်။နောက် တစ်ပတ်ထဲမှာ ဆိုလ်းမြို့က
ဘုရားကျောင်းတစ်ခုမှာပဲ wedding ကို ကျင်းပသွားမယ်လို့ သိရပါတယ်။ပွဲနေ့ကိုလည်း TVကနေရော၊onlineကရောပါ liveလွှင့်ပေးသွားမယ်လို့ သိရပါတယ်။ဒီလိုလုပ်ပေးတာဟာ သူ့မင်္ဂလာပွဲကို လာ တက်ရောက်နိုင်မှာ မဟုတ်တဲ့ ကမ္ဘာတစ်ဝန်းက သူ့ပရိသတ် တွေအတွက် စဉ်းစားပေးခဲ့ခြင်းဖြစ်ပါတယ်။ကျွန်မတို့နဲ့တူတူ ထိုနေ့ကို တူတူ မျှော်လင့်ကြရအောင် "

More Than LifeWhere stories live. Discover now