💔Part_28💔

1K 88 8
                                    


"ဂျွန် "

Jimin ရဲ့ ပါးပြင်ပေါ်မှ  မျက်ရည်များကို
သုတ်ပေးလိုက်သော်လည်း တကယ်ထိတွေ့ခြင်းမဟုတ်တဲ့အခါ jungkookပါ မျက်ရည်များ ကျလာသည်။

ဘာလို့ အဲ့လောက်တောင် ရက်စက်နိုင်ရတာလဲ ကံတရားကြီးက။ခွဲခွာခါနီးမှာ ကိုယ့်ခ်ျစ်သူရဲ့ အထိအတွေ့လေးကို ခံစားသွားချင်မိသည်။

Jimin မျက်ရည်များကြားမှ ပြုံးကာ ဂျွန့်အား ပြောလိုက်သည်။

"ဂျွန် ငါ မင်းပြောတဲ့အတိုင်းနေမှာမို့
စိတ်ချစွာသွားပါ။ဒါမဲ့ ငါ့ရဲ့ ခန္ဓာကိုယ်ကသာ
သူ့ရဲ့ တာဝန်အတိုင်း ရှင်သန်ရင် ရှင်သန်နေလိမ့်မယ်။ငါ့စိတ်၊ငါ့အချစ်၊ငါ့နှလုံးသား၊ငါ့ပျော်ရွှင်မှုတွေ၊ငါ့ဝမ်းနည်းမှုတွေ အကုန်လုံးက သေဆုံးသွားလိမ့်မယ် ဂျွန်"

"သဲငယ်"

ဒီနေ့ ဂျွန့်ကို နောက်ဘဝကူးပြောင်းပေးဖို့ နေ့ပင်။နတ်ဆရာမဆီက ပြန်လာပြီးနောက်ပိုင်း
ဂျွန် ပြစ်ဒဏ်ကို မနည်းခံစားခဲ့ရသည်။
ဂျွန့်ကို အနားမှာ ရှိစေချင်တဲ့ အတ္တစိတ်ကလေးကြောင့် jimin ကလေးဆန်စွာ ပြုမူခဲ့ပေမယ့် တကယ်တမ်း ဂျွန် ခံစားနေရသည့်အချိန် အသည်းတွေကြွေကျသလို နာကျင်ရသည်။နတ်ဆရာမကလည်း ဂျွန့်ကို လွတ်လပ်ခွင့်ပေးဖို့ ဖြောင်းဖျလာသည်။taemin ကလည်း "minက လက်မလွှတ်နိုင်
ပေမယ့် Jungkook ခံစားနေရတယ်တဲ့"။
ငါ မင်းနာကျင်တာကို ထပ်မမြင်ချင်တော့တာမို့ ငါ လက်လွှတ်လိုက်တာ ဂျွန်။

ငါကတော့ ....

"ဂျွန် ဒီဘဝမှာ ငါတို့ ချစ်နေကြတာတောင်
သေကွဲကွဲခဲ့ကြတာ။နောက်ဘဝဆိုတာများရှိခဲ့ရင် ငါမင်းနဲ့ပဲ ပေါင်းဖက်ပါရစေ ဂျွန်။
အခုဘဝလိုများ ငါ အတိတ်ကို မမှတ်မိခဲ့သည်ရှိသော် မင်းကပဲ ငါ့က်ု သတိရအောင်လုပ်ပေး။ငါ့တို့နှစ်ယောက်ရဲ့ ချစ်ခြင်းတွေကို
ငါ ပြန်မှတ်မိအောင် လုပ်ပေး။ငါ လည်း မင်းနောက်ကို လိုက်လာမယ် "

"သဲငယ် !"

"မဟုတ်ပါဘူး ငါက သဘောပြောပြတာ "

Jungkook ထွက်သွားရတော့မည်ကို
သိပေမယ့် သူ့သဲငယ်ကို စိတ်မချဖြစ်နေမိတုန်းပင်။စိတ်လိုက်မာန်ပါ‌တွေ လုပ်လိုက်မည်ကို စိုးရိမ်သည်။

More Than LifeWhere stories live. Discover now