💔 Part-13 💔

986 87 6
                                    

•ကိုယ်ဆုတောင်းခဲ့ဖူးတယ်~

ကိုယ် မင်းကို ကြည့်တဲ့ အကြည့်တွေလို~

မင်း ကိုယ့်ကို ပြန်ကြည့်ပေးခဲ့ဖို့~

•ကိုယ်ဆုတောင်းခဲ့ဖူးတယ်~

မင်း ဘယ်သွားသွား ကိုယ်ရှာမိသလို~

ကိုယ့်ကိုလည်း မင်း ရှာပေးခဲ့ဖို့ ~

•ကိုယ် ဆုတောင်းခဲ့ဖူးတယ်~

ကိုယ် မင်းကို ချစ်သလိုမျိုး~

မင်း ကိုယ့်ကို ပြန်ချစ်ပေးခဲ့ဖို့~

•ကိုယ် ဆုတောင်း ခဲ့ဖူးတယ်~

ကိုယ် မင်းအပေါ် မြတ်နိုးယုယသလို~

မင်း ကိုယ့်အပေါ် မြတ်နိုးယုယပေးခဲ့ဖို့~

•ကိုယ်ဆုတောင်းခဲ့ဖူးတယ်

ကိုယ့် မေတ္တာတွေ ရောင်ပြန်ဟပ်လာစေဖို့~

•ကိုယ်ဆုတောင်းခဲ့ဖူးတယ်

တစ်နေ့ မင်း ကိုယ့်ကို မြင်လာစေဖို့~

•က်ုယ် ဆုတောင်းခဲ့ဖူးတယ်

မင်း ကိုယ့်အပေါ် စိမ်းကားနိုင်သလို

ကိုယ် မင်းအပေါ် စိမ်းကားမိဖို့~

ဒါပေမဲ့ ကိုယ့် ဆုတောင်းတွေက
ဘုရားသခင်ဆီ မရောက်လို့နဲ့တူပါရဲ့
ပြည့်ဝဖို့ ကံပါမလာခဲ့ဘူး။

ကိုယ် သိတယ်
မင်း ကိုယ့်ကို အလိုမရှိဘူးဆိုတာ
ပြီးတော့ မင်းက ကိုယ့်အပိုင်
ဘယ်တော့မှ ဖြစ်မလာဘူး ဆိုတာကိုလည်း ~

ဒါပေမဲ့ ကြိုးစားခွင့် ၊မျှော်လင့်ချက်ကလေး
ရှိနေသေးသည့် အတွက် နောက်ဆုတ်ဖို့ ဆိုတာ မဖြစ်နိုင်သည့်အခြေအနေ။ဒီထိတောင်
ကစားလာခဲ့ ပြီးသည့်အတွက်  ကစားပွဲရဲ့
တဝက်ကျော်ကို ရောက်လာခဲ့ပြီ။မကြာခင်
ပန်းတိုင်ရောက်ရတော့မှာပါ။အင်း
ချစ်ရသူ ရှိနေတဲ့ ပန်းတိုင်လှလှလေး။

Taemin  အိပ်ယာစောစောထကာ
ရေချိုးသန့်စင်ပြီး ဘီရိုရှေ့တွင်
အဝတ်အစားရွေးနေသည်။

ဒေါက် ဒေါက်

"လာပြီ "

More Than LifeWhere stories live. Discover now