ချစ်ခြင်းမေတ္တာဟာ နွေးထွေးစေတယ်ဆိုတဲ့စကားကို ကိုယ်ယုံကြည်ချင်သေးတယ်။
အသည်းခိုက်အောင် နာကျင်ခဲ့ရတဲ့ ဒဏ်ရာတွေ မရခဲ့ဘူးသလိုလည်း မင်းအပေါ်ကို
ရူးရူးမူးမူး ချစ်ချင်သေးတယ်။"Min အိပ်ချင်ရင် အိပ်လိုက်နော်
ကိုယ်ရောက်ရင်ပြောမယ်""ရပါတယ် မအိပ်ချင်ပါဘူး"
"အင်း "
ဖခင်ဖြစ်သူက ကျေးလက်ဘက်က လယ်ကွက်အား သဘောကျကာ
ညှိနှိုင်းခိုင်းသောကြောင့် ချစ်ရသူနှင့်အတူ
မိုးလင်းလင်းချင်း ထွက်လာလိုက်သည်။
ချစ်ရသူ အိပ်ရေးမဝမှာစိုးသည့်အတွက်
အိပ်စက်ခိုင်းသော်လည်း မအိပ်ဘဲ လမ်းတစ်လျှောက်က တရိပ်ရိပ်ကျန်ခဲ့သော ရှု့ခင်းတွေကို ငေးကြည့်နေသည်။ငေးကြည့်နေရင်းမှ တိုးဝှေ့တိုက်ခတ်သော လေအေးလေးများကို ကားပြတင်းပေါက်ပေါ် လက်တစ်ဖက်တင်ပြီး မေးလေးတင်ကာ မျက်လုံးမှိတ်ခံစားနေသည်။သိပ်လှတယ် min။နှစ်နာရီလောက် မောင်းနှင်ပြီးသည့်နောက်တွင် ကျေးလက်လေးဆီသို့ ရောက်ခဲ့သည်။
ထိုင်ခုံအား မှီကာ အကျအန အိပ်ပျော်နေသော ချစ်ရသူအား နှိုးလိုက်သည်။အိပ်နေတာများ ကလေးလေးအတိုင်းပဲ ။
"min Min "
"ဟမ် အင်"
"ရောက်ပြီ ဆင်းကြရအောင်"
"အင်း"
ဖြစ်သလိုအိပ်ထားသည့်အတွက်ရော၊လေတိုးထားသည့်အတွက်ရောကြောင့်
ဆံနွယ်လေးတွေက ကပိုကရို ရှုပ်ရှက်ခပ်နေသည်။အခု min ပုံစံလေးက ဆံပင်စုတ်ဖွားလေးနဲ့ အိပ်ထားတာမို့ နဲနဲဖောင်းလာသည်ထင်ရသော မျက်ခွံမို့မို့လေးတွေကြောင့်
တကယ် မူကြိုအရွယ်ကလေးလေးအတိုင်းပင်။ချစ်လိုက်ရတာတွေများလေ။"လာ သွားကြမယ်"
ကားကို လမ်းပေါ်မှာဘဲ ထားခဲ့လိုက်ကာ
ခြံပိုင်ရှင်နဲ့ တွေ့ရန် အတွင်းသို့ ဝင်သွားလိုက်သည်။"မင်္ဂလာပါ ဦးလေး"
"အော် ဒီက ငါ့တူကြီးတွေက မြို့ကလာတဲ့
မြေဝယ်ရှင်တွေထင်တယ်"
YOU ARE READING
More Than Life
Fanfictionကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-