"မေမေ့သားလေးက လှလိုက်တာ"Jimin ပြင်ဆင်နေသော အခန်းထဲသို့
မေမေရောက်လာသောကြောင့်
makeup artist အမက ခနဖယ်ပေးလိုက်သည်။"သားက ယောင်္ကျားလေးလေးဗျာ။လှတယ်ဆိုတာကြီးက"
"မေမေ့သားလေးက လှတာထက်ကိုပိုတယ်။
ကမ္ဘာပေါ်က အလှတရားတွေ အကုန်စုပြုံရောက်နေသလိုမျိုး။ကြည့်ပါဦး။မေမေ့ mochi လုံးလေးတောင် လက်ထပ်တော့မယ်"မိမိရဲ့ မျက်နှာအား လက်ဖဝါးနှစ်ဖက်ဖြင့်ထိန်းကိုင်ကာ ဝမ်းနည်းနေသယောင်ဖြစ်နေသော မေမေ့ကြောင့် လက်ကလေးနှစ်ဖက်အား မိမိလက်ဖြင့် အုပ်ကိုင်လိုက်သည်။
"မေမေ ဝမ်းနည်းနေတာလား?"
"မဟုတ်ပါဘူး။မေမေ ပျော်လို့ပါ။
နောက်ဆုံး သားကို တကယ်ချစ်ပေးနိုင်တဲ့
သူရဲ့လက်ထဲကို ထည့်ပေးရမှာဆိုတော့
မေမေ ပျော်လို့ပါ""မငိုပါနဲ့ မေမေရယ်။သားအတွက် ဒီနေ့တော့
ပျော်လို့ပဲဖြစ်စေ၊ဝမ်းနည်းလို့ပဲဖြစ်စေ ပြုံးနေပေးပါ။အဲ့တာမှ သားရှေ့ဆက်နိုင်မှာ""ဟုတ်ပါပြီ မေမေတို့ သားကို ချစ်တယ်နော်"
"သားလည်း မေမေတို့ကို ချစ်ပါတယ်"
တစ်ယောက်ကို တစ်ယောက် ထွေးပွေ့ကြရင်း မျက်ဝန်းထဲ၌ မျက်ရည်စတို့ရစ်သိုင်းနေသည်။ဒီနေ့ပြီးသွားတာနဲ့ သူတို့သားလေးက အိမ်ထောင်သည်ဆိုတဲ့ ဘဝကို ဖြတ်သန်းရတော့မှာ။ငယ်ငယ်ကတည်းက မိဘတွေ စကားကိုနားထောင်ပေးသော သားလေးက
အခု သူ့အိမ်ထောင်ရေးကိစ္စမှာတောင် လူကြီးတွေဆန္ဒကို ဦးစားပေးခဲ့သည်။သားလေးနဲ့
Taeminတို့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုပိုင်ဆိုင်နိုင်ပါစေကွယ်။"မငိုရဘူးလေ သားလေးရဲ့
ပြင်ထားတာတွေ ပျက်ကုန်လိမ့်မယ်"ဖက်ထားရာမှ ခွာလိုက်ကာ သားငယ်ရဲ့
ပါးဖောင်းဖောင်းထက်က မျက်ရည်စတို့ကို
သုတ်ပေးလိုက်သည်။"ဟုတ် သား မငိုတော့ပါဘူး
ဒါနဲ့ ဖေဖေရောဟင်""သားဖေဖေက ခန်းမထဲမှာ ဧည့်သည်တွေကို
ကြိုနေတယ်"
YOU ARE READING
More Than Life
Fanficကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-