Jungkook ပြန်ရောက်နေပြီဆိုတာ သိသိချင်း သူ လာတွေ့လိုက်ချင်ပေမယ့် မာနလေးတစ်ခု။သူတောင် နေနိုင်သေးတာ ငါကဘာလို့ မနေနိုင်ရမှာလဲဆိုတဲ့ တင်းခံထားတဲ့ အတ္တလေးကြောင့် သူ သွားတွေ့ဖို့ အစီအစဉ် ဖျက်လိုက်သည်။ဒါပေမယ့် Taemin က ဖုန်းဆက်ပြီး Jungkook ဆီ သွားမှာမို့ လိုက်ခဲ့ဖို့နဲ့၊jungkookကို ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်ပြီး အလျော့ပေးသင့်ကြောင်း ပြောလာသောကြောင့် taeminနဲ့ အတူ လိုက်လာခဲ့ခြင်းဖြစ်သည်။
ဂျွန့် အိမ်ကို ရောက်ရောက်ချင်း ကြိုရောက်နေသော ကားတစ်စီးကြောင့် ဂျူမီ့ကားမှန်းတန်းသိသည်။အိမ်တော်ထဲဝင်ကာ အိမ်အကူမလေးအား မေးတော့ အပေါ်ထပ်မှာဆိုသောကြောင့် တက်လာလိုက်သည်။ဘာကိစ္စရှိလို့ အပေါ်ထပ်မှာ ဆွေးနွေးနေကြတာလဲ?
လှေကားထစ်တွေအတိုင်း တက်လာရင်း
ဂျွန့်အခန်းနားဆီသို့ တဖြေးဖြေးတိုးသွားတော့ ပွင့်နေတဲ့တခါးက ဆီးကြိုနေသည်။
အနီးနား တိုးပြီး ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မျက်လုံးများ ပြူးပျာသွားရလို၊နှလုံးသားတစ်ခုလုံးလည်း ခြေမွခံလိုက်ရသလိုပင်။ဘယ်လိုတွေတောင်လဲ?
ဘယ်လိုတွေဖြစ်ပျက်နေကြတာလဲ?,ဂျွန်က
ဂျွန်ကလေ ဒီလို ငါ့အပေါ်ကို လုပ်လိုက်တာလား?လုပ်ရက်တာလား?ယုံကြည်ခဲ့တာ။
ခု သူ့ယုံကြည်မှုတွေက တစ်စစီ ကွဲသွားတဲ့
မှန်ပြင်တစ်ချပ်လိုပင်။ဘယ်လောက်ဆက်ဆက် အကောင်းတိုင်း ပြန်မဖြစ်နိုင်သလို ဂျွန့်အပေါ် တစ်လျှောက်လုံး ယုံကြည်လာခဲ့သမျှက ပျက်စီးသွားပြီ။ငါ မယုံကြည်တော့ဘူး ဂျွန်။ငါ မျက်စိနဲ့ တပ်အပ်မြင်ပြီးပြီမို့ မယုံကြည်ရဲတော့ဘူး။သတ္တိမရှိစွာ ပြန်လှည့်လာပြီး ပြေးဆင်းခဲ့လိုက်သည်။ဂျွန့်ရဲ့ ခေါ်သံကို ကြားပေမယ့်
ဂရုမစိုက်ခဲ့။အခု သူ့စိတ်ထဲရှိတာက ဒီအိမ်ကနေ မြန်မြန်ထွက်သွားဖို့ ။ငါ မင်းကို မုန်းပစ်ချင်တယ် ဂျွန်။လက်ကို ဆွဲလာကာ ဖြေရှင်းချက်တွေပေးနေသော ဂျွန့်မျက်နှာကိုလည်း မကြည့်ခဲ့သလို
စကားတွေကိုလည်း နားမထောင်ချင်တော့။
သူ ကြောက်မိသည်။ဂျွန့်ရဲ့ အလိမ်အညာစကားတွေထဲ ထပ်ပြီး မျောပါသွားမှာ သူ သိပ်ကြောက်ပါသည်။တစ်ခါလောက်နာပြီးရင် မှတ်တတ်ရတယ်လေ။ဒီအရာက ကိုယ့်ကို နာကျင်စေတယ်ဆ်ုရင် ဆက်ပြီး ဆုပ်ကိုင်မထားဖို့၊လက်လွှတ်လိုက်ဖို့ ပဲ တွေးသင့်သည်။

YOU ARE READING
More Than Life
Fiksi Penggemarကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-