တောင်ပေါ်တစ်လျှောက် လေအေးအေးများက ပိုတိုးတိုက်ခတ်နေကြသည်။
"သဲငယ် အေးနေတာလား?"
ကားပေါ်မှာ ဆိုပေမယ့် ကားပြတင်းပေါက်ဆီက တိုးဝင်လာသော လေအေးများကြောင့်
Jimin ကိုယ်လေးကျုံ့လိုက်စဉ် ဂျွန်က မေးလာခြင်းဖြစ်သည်။"အင်း ဟုတ်တယ် ဂျွန်
နဲနဲ အအေးပိုလာတယ်ထင်တယ်"ပြည့်ဖောင်းနေတဲ့ လက်သေးသေးလေးများနှင့် သူ့ကိုယ်ကို ပွတ်သပ်ကာ ချမ်းနေတဲ့ ချစ်ရသူကို ကြည့်ပြီး Jungkook တစ်ယောက်
မျက်ဝန်းတို့၌ မျက်ရည်စများ ရစ်သိုင်းလာသည်။အတိတ်က အချိန်တွေဆို ရင်ခွင်ထဲ သိမ်းကျုံးဖက်ထားလို့ရခဲ့ပေမယ့် အခု ကိုယ့်အခြေအနေက ဝိညဉ် ဖြစ်နေတာမို့ ဘာမှ လုပ်မပေးနိုင်ပေ။ကိုယ်လေ သဲငယ်ကို
ရင်ခွင်ထဲ ထွေးပွေ့ထားချင်လိုက်တာ။Jimin ချမ်းနေရင်းမှ ဂျွန့်မျက်နှာကို ကြည့်မိတော့ မျက်ရည်စတို့ရစ်သိုင်းနေသည်။ဂျွန်က ဘာလို့ ဝမ်းနည်းနေတာလဲ?
"ဂျွန် ဘာဖြစ်လို့လဲ?"
"ကိုယ် တောင်းပန်ပါတယ်
မင်း ချမ်းနေတာသိသိရက်နဲ့ ကိုယ်
ထွေးပွေ့မပေးနိုင်ဘူး"Jimin သဘောပေါက်ကာ ဂျွန့်ပါးပြင်နှစ်ဖက်အား လက်လေးနှစ်ဖက်ဖြင့် ထိန်းကိုင်လိုက်သည်။ထိတွေ့ခွင့်မရတာကို သိပေမယ့် ဂျွန့်ပါးပြင်ကို ထိတွေ့နေသလို လက်ကမ်းထားလိုက်သည်။အများအမြင်မှာတော့ လေထုကို ထိတွေ့နေတဲ့ အရူးတစ်ယောက်လိုပေါ့။
"ဂျွန် ဘာမှမဖြစ်ဘူးနော်
ဂျွန် ဒီလိုပုံစံဖြစ်နေလို့လည်း ငါ အဆင်ပြေတယ်။မင်းသာ ငါ့အနားကနေ ထပ်ပြီး ထွက်မသွားနဲ့နော် ။နေပေးမယ်မလား?""အင်း
ကိုယ် မင်းအနားမှာ အမြဲရှိနေမှာပါ""ချစ်တယ် ဂျွန် "
"ကိုယ်ရော သိပ်ချစ်တယ် "
Jimin မျက်စိရှေ့က ပုံရိပ်လေးအား
ပြုံးပြနေရင်း ရှေ့တိုးလာသော ဂျွန်ကြောင့်
ကြောင်ကြည့်နေမိသည်။တိုးကပ်လာရင်း မိမိနှာဖူးပြင်လေးဆီ ဦးတည်နေသောကြောင့် jimin မျက်ဝန်းတို့ မှိတ်လိုက်သည်။နှာဖူးပြင်လေးဆီမှ နွေးထွေးတဲ့ အထိအတွေ့လေးရလိုက်ပြီးနောက် မျက်ဝန်းတို့ပြန်ဖွင့်ကာ ဂျွန့်မျက်နှာအား ငေးကြည့်နေလိုက်သည်။ဂျွန်ကလည်း ရွှန်းရွှန်းစိုနေသော မျက်ဝန်းတို့ဖြင့် ကြည့်နေသည်။ငါကျေနပ်တယ် ဂျွန်။တကယ်ထိတွေ့လို့ မရတာကို သိပေမယ့်
ငါတို့ ဒီတိုင်းလေး နားလည်နေကြရင် ဖြစ်တာပဲမလား?
YOU ARE READING
More Than Life
Fanfictionကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-