"ဖေဖေ!!!!!!"
သားဖြစ်သူရဲ့ အထိတ်တလန့်အော်သံကြောင့် Mr.Parkတို့ ဇနီးမောင်နှံ အိပ်စက်နေရာမှ လန့်နိုးလာကြသည်။ကမန်းကတန်းထကြရင်း သားဖြစ်သူဆီသို့ သွားတော့ ကုထင်ထက်မှာ အသက်ကိုပြင်းပြင်းရှုကာ မောဟိုက်နေပုံရသည်။
"သား သားလေးဘာဖြစ်တာလဲ?"
Mrs.Parkမှရင်ခွင်ထဲထည့်ကာ-
"သားလေး မေမေတို့ရှိတယ်နော်။ဘာမှမဖြစ်ဘူး။စိတ်အေးအေးထား အခုဘာဖြစ်တာလဲ။မေမေတို့ကိုပြောပြနော်"
"သား သားအိပ်မက်တစ်ခုမက်တယ်"
"အိပ်မက်?ဘာအိပ်မက်မို့လဲ?"
"အ့အိပ်မက်ထဲမှာလေ ဖေဖေ-ဖေဖေကလေ
သွေးတွေနဲ့ ဟုတ်တယ်။ခေါင်းကနေသွေးတွေထွက်နေတယ်။ပြီးတော့"အိပ်မက်အကြောင်းပြောပြရင်း မောဟိုက်နေသော သားဖြစ်သူကြောင့်Mr.Parkရေခွက်ပေးကာ သောက်ခိုင်းလိုက်သည်။ရေသောက်ပြီးနောက်-
"ပြီးတော့ လူတစ်ယောက် လူတစ်ယောက်ကို ဝင်တိုက်မိတယ်။"
သားဖြစ်သူရဲ့စကားကြောင့် Mr.Parkတင်သာမက ဇနီးဖြစ်သူမှာလည်း ထိတ်လန့်သွားရသည်။
"ဖေဖေ _ဖေဖေ သားအရင်က လူတစ်ယောက်ကို ကားနဲ့တိုက်ဖူးလားဟင်?
သားကြောင့် လူတစ်ယောက်သေခဲ့ဖူးလား?
ဟင် ?ဖေဖေ?"ထိုကဲ့သို့ ဇနီးမောင်နှံနှစ်ယောက် ကြောင်ေနမိစဉ် သားဖြစ်သူမှ
သူ့ရဲ့လက်ကိုဆွဲကိုင်ကာ မေးလိုက်မှMr.Parkသတိဝင်လာသည်။"ဟင် မဟုတ်ပါဘူး။သားလေးရဲ့။အ့လိုအဖြစ်မျိုးမရှိခဲ့ပါဘူး။အိပ်မက်ဆိုးပါ။"
ထိုအခါ မယုံကြည်သလို မျက်လုံးလေးများဖြင့်ကြည့်လာပြီး-
"ဖေဖေ သားကိုအမှန်အတိုင်းပြောပြပါ။
သားသိချင်လို့ပါ။မဟုတ်ရင် သား စိတ်မရှင်းဖြစ်နေမှာ။ကောင်းကောင်းအိပ်နိုင်မှာမဟုတ်ဘူး ဖေဖေ"Mr.Parkသက်ပြင်းချကာပင် သားဖြစ်သူရှေ့သို့ထိုင်ကာ-
"သား ဖေဖေပြောတာသေချာနားထောင်နော်။အရင်က ဖေဖေ သားကို seoulကိုလိုက်ပို့တော့ လူတစ်ယောက်ကိုဝင်တိုက်မလိုဖြစ်ပြီး accident ဖြစ်ဖူးတယ်။အဲ့တာကိုသားကစိတ်စွဲပြီး မက်တာဖြစ်လိမ့်မယ်။ဒါပေမဲ့ သားပြောသလိုတော့ မဖြစ်ဖူးပါဘူး။ဖေဖေပြောတာယုံ။ဟုတ်ပြီလား"
YOU ARE READING
More Than Life
Fanfictionကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-