💔 Part-8 💔

1.1K 122 6
                                    

ညရဲ့ အမှောင်ထုဟာ ကြီးစိုးလာတာနဲ့အမျှ
တိတ်ဆိတ်ငြိမ်သက်ခြင်းများကလည်း တစ်စတစ်စ ကြီးထွားလာသည်။ဆောင်းဦးရာသီဖြစ်တဲ့အတွက် လေပြင်းခပ်အေးအေးများကလည်း ဟိုမှဒီ ကျီစယ်တိုက်ခတ်နေကြသည်။တိမ်တိုက်တွေကြားထဲက သော်တာလမင်းကြီးကတော့ ထိန်ထိန်သာနေလျက်။
တိမ်မည်းတိုက်များကလည်း သော်တာလမင်းကြီးအား ဖုံးကွယ်ရန်ကြိုးစားနေကြသည်။

အခန်းတွင်းသို့ ဝင်လာသော လေပြင်းခပ်အေးအေးများကြောင့် jimnနိုးလာရသည်။
သို့သော် မျက်စံများက မလှုပ်မယှက်နှင့်
Jimin ကုတင်ပေါ်မှာ ထိုင်နေမိသည်။ခနအကြာ ကုတင်ပေါ်က ဆင်းကာ အခန်းအပြင်ဘက်သို့ ဦးတည်လိုက်သည်။ကော်ရစ်တာ တစ်လျှောက် လျှောက်လာရင်း ထောင့်ချိုးကွေ့နားလေးမှာ သတိဝင်လာတော့ jimin
ထိတ်လန့်သွားရသည်။

"ငါ ငါက ဘယ်လိုလုပ် အခန်းအပြင်ဘက်ကိုရောက်နေရတာလဲ?"

jimin မိမိကိုယ်ကို မေးခွန်းတွေသာ
ထုတ်နေမိသည်။ထိုစဉ် ကော်ရစ်တာတစ်လျှောက်က မီးလုံးများမှာ မှိတ်ကလှပ် မှိတ်ကလှပ်နှင့် လင်းတစ်ချက်၊မလင်းတစ်ချက်ဖြစ်လာသည်။jiminကြောက်စိတ်များဝင်လာရသည်။ဟိုနေ့ညကလိုအဖြစ်မျိုး ဖြစ်ဦးမှာလား?မဟုတ်ဘူး။ငါ စိတ်ထင်နေတာ ။
ဟုတ်တယ်။ငါ အမြင်မှားတာ။jiminခေါင်းတစ်ခါခါဖြင့်သာ အခန်းဘက်သို့ ပြန်ရန် လှည့်လိုက်ချိန်တွင် မိမိဆီသို့ ဦးတည်လာနေသော အရိပ်မည်းတစ်ခု။ဘယ်သူဘယ်ဝါမှန်း
မသဲကွဲသော်လည်း ဖိနပ်သံများကြားနေ‌ရသောကြောင့်တစ်‌ယောက်ယောက် မိမိဆီကို ဦးတည်လာ နေမှန်းသိသည်။ jimin ကြောက်စိတ်များပိုတိုးလာရသည်။ဒီ13လွှာမှာ သူကလွဲပြီး အခြားလူနာမှ မရှိတာ။

"ဘယ် ဘယ်သူလဲ?"

Jimnအသံများတုန်ကာ မေးကြည့်တော့
တစ်ဖက်ကဘာသံမှ ပြန်မလာသောကြောင့်
ကြောက်စိတ်များ ပိုဝင်ကာ အသက်ရှုတွေပင် ကျပ်လာရသည်။ခြေလှမ်းများ ပိုပိုနီးလာသလို ခံစားလာရသောကြောင့် တုန်ရီကာပင်
နောက်ပြန်လှည့်ကာ ပြေးမိသည်။ကော်ရစ်တာတစ်လျှောက် jiminပြေးနေရင်းပင် တစ်နေရာအရောက်တွင် ခြေခေါက်ကာ ဟပ်ထိုးလဲကျသွားရသည်။‌နောက်ကို ပြန်ကြည့်မိတော့ ခြေသံများပိုပိုကြားလာရသောကြောင့် အလူးအလဲထကာ ပြေးဖို့ကြံရွယ်လိုက်သော်လည်း မျက်စိရှေ့မှာမြင်နေရသော အရာများကြောင့် ဆွံ့အသွားရသည်။နှင်းတွေ?နှင်းတွေက ဘာလို့ ဒီနေရာမှာရှိနေရတာလဲ?ခုက ဆောင်းရာသီမှ မဟုတ်သေးတာ။ဆောင်းဦးရာသီပဲရှိသေးတာလေ။အဲ့တာကို ဘယ်လိုလုပ်ပြီး နှင်းတွေက ဒီနေရာကို ရောက်လာတာလဲ?ပြီးတော့ ထပ်မြင်လိုက်ရတာက နှင်းတွေနဲ့အတူ
ပြန့်ကျဲနေတဲ့ white Lily ပန်းတွေ။white lilyပန်းများရဲ့ ရနံ့များက jimin နှာခေါင်းထဲတွင် စူးရှလွန်းလှသည်။ဟင့်အင်း။မကြိုက်ဘူး။အဲ့ပန်းနံ့ကို မုန်းတယ်။ပန်းနံ့များကြောင့်
jimin ပျို့ချင်သလိုတောင်ဖြစ်လာရသည်။
ထိုစဉ် နောက်မှ ကြားလိုက်ရသော မီးလုံးကွဲသံတစ်ချို့-

More Than LifeWhere stories live. Discover now