"ဂျွန် အ့ဆို အဲ့နေ့က ချောက်ထဲ ကျသွားကတည်းက ဂျွန်က သေဆုံးသွားတာလား?"ချစ်ရသူရဲ့ မျက်နှာလေးအား ကြည့်မိတော့
မျက်ဝန်းစိုစိုလေးတွေနှင့်သာ။"မဟုတ်ဘူး ကိုယ် အသတ်ခံရတာ"
"ဘယ်လို !!"
"ဟုတ်တယ် ကိုယ် အသတ်ခံခဲ့ရတာ
အဲ့နေ့က"........................................................................
"Taemin ငါတို့ကို ဓာတ်ပုံရိုက်ပေး"
"အင်း min "
ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဘွဲ့ဝတ်စုံလေးများနှင့် တစ်မူလှပနေကြသော ကျောင်းသူ၊ကျောင်းသားများ၏ မျက်နှာထက်တွင် အပြုံးပန်းများဝေဆာနေကြသည်။ကြိုးစားလာခဲ့သမျှက ယခု ပန်းတိုင်ကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် ထိုပန်းတိုင်မှတစ်ဆင့် နောက်
အတွေ့အကြုံကောင်းများ၊ဘဝမှတ်တိုင်များ ထပ်ရင်ဆိုင်ရမည့် ကိုယ်ပိုင် လုပ်ငန်းခွင်များသို့ဝင်ကာ ဘဝကို အကောင်းမွန်ဆုံးဖြစ်အောင် လုပ်ဆောင်ကြရတော့မည်။"ဂျွန် ဝမ်းနည်းနေတာလား?"
ဓာတ်ပုံရိုက်မည်ဟု ဆိုသော်လည်း
ကျောင်းဝင်းထဲ အခြား ပြုံးပျော်နေကြသော
မိသားစုများကို မျက်ဝန်းဝိုင်းလေးများနှင့် ကြည့်နေသော ဂျွန်က အားငယ်နေသလိုပင်။
ကျွန်တော်ရဲ့ မိဘများကလည်း အလုပ်ကိစ္စများနှင့် တိုက်နေသောကြောင့် မလာနိုင်ပေ။
ဖေဖေနဲ့မေမေက ရအောင်လာမည်ဟု ဆိုသော်လည်း ဂျွန်ပိုဝမ်းနည်းနေမည်ဖြစ်သောကြောင့် မလာခိုင်းလိုက်တော့ပေ။
ဒီ ဘွဲ့ယူပြီးရင်တော့ မေမေနဲ့ဖေဖေတို့ဆီကို ဂျွန်နှင့်အတူ ပြန်ကာ လက်ထပ်ဖို့ ရည်ရွယ်ထားကြသည်။မေမေတို့က ကျွန်တော့်ရဲ့ အချစ်ရေးကိစ္စကို သိပေမယ့် ဂျွန့်ကိုတော့ မမြင်ဖူးကြပေ။ကျွန်တော်ကိုယ်တိုင်ကလည်း ချစ်သူရှိသည်ကလွဲ ဘာမှ ပြောမပြထားသောကြောင့် ဖေဖေနဲ့မေမေက ဂျွန့်နာမည်ကိုတောင် မသိကြပေ။ထို့ကြောင့် မနက်ဖန်တွင်တော့ ဘူဆန်သို့သွားကာ သားမက်ချောချောလေးကို ကြွားလုံးထုတ်ရမည်။"မဟုတ်ပါဘူး ကိုယ် ဒီတိုင်း"
"ငါနားလည်တယ် ဂျွန်
မင်းဘေးနားမှာ ငါတစ်ယောက်လုံး ရှိနေတယ်လေ။ဘာမှ မဖြစ်နဲ့နော်။ဂျွန့်မှာ မိဘတွေမရှိတော့ပေမယ့် ငါ့မိဘတွေကလည်း ဂျွန့်ရဲ့ မိဘတွေလိုပဲလေ နော်"
YOU ARE READING
More Than Life
Fanfictionကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-