💔 Part-27 💔

1K 85 12
                                    


မမျှော်လင့်ထားတဲ့အချိန်မှာ ကွဲကွာခြင်းတွေလည်း ရောက်လာတတ်တယ်မလား?တကယ်လို့ အဲ့လို ရောက်လာခဲ့ရင်ရော
ငါ ဘယ်လိုရင်ဆိုင်ရမလဲ ဂျွန်။

"အ့ "

"ဂျွန် ဘာဖြစ်တာလဲ?!"

Jimin   ရေချိုးသန့်စင်ပြီး အဝတ်အစားဝတ်နေတုန်း ဂျွန့်ဆီက နာကျင်သော အသံကြောင့် နောက်လှည့်ကာ မေးမိသည်။

နာကျင်မှုကို အောင့်အီးခံစားနေရတဲ့ဂျွန်က
ဝမ်းဗိုက်တစ်နေရာကို ဖိထားသည်။

"ဂျွန် ဘာဖြစ်တာလဲဟင်?
ပြောပါဦး ငါ့ကို ဟင့်"

ထိလို့ကိုင်လို့ မရသဖြင့် ပိုဝမ်းနည်းစိတ်ပူကာ
မျက်ရည်များပင် ကျလာရသည်။

"ရတယ် ကိုယ် အဆင်ပြေတယ်
ခနနေ ပျောက်သွားမှာ စိတ်မပူနဲ့"

"မင်းဒီလောက်နာနေတာ ငါဘယ်လိုလုပ် စိတ်မပူပဲနေနိုင်မှာလဲ ဂျွန်ရယ် "

"ကိုယ် အဆင်ပြေသွားမှာပါ "

"Min "

"ဟင် "

ဂျွန့်ကို ပဲ စိတ်ရောက်နေသည့်အတွက်
Taemin ဝင်လာသည်ကို မသိလိုက်။
သူကြားသွားပြီလား ငါပြောတာတွေ။

"Min ဘယ်သူ့ကို ပြောနေတာလဲ?
ဂျွန်ဆိုတာက Jungkook ကိုပြောတာလား?"

"ဟုတ်လား min။  သူရော ရှိနေတာလား?"

"ကိုယ့်ကို ပြောပါ ။ကိုယ်တောင်းပန်စရာလေးရှိလို့ပါ"

မိမိအား မျက်လုံးအဝိုင်းနဲ့ ကြည့်နေသော ချစ်ရသူက ပြောပြဖို့ တွန့်ဆုတ်နေသလိုပင်။ဒါမဲ့
သူ့စိတ်ထဲ သေချာသိနေတယ်။ဒီအခန်းထဲမှာ
Jungkook လည်းရှိနေမည်ဆိုတာကိုပင်။
Min သူ ဆေးရုံက ဆင်းလာတဲ့‌ နေ့ကတည်းက အတိတ်ကို ပြန်မှတ်မိတယ်ဆိုတာကို ပါတီပွဲကမှ သိလိုက်ရသည်။အဲ့ဒါကြောင့်မို့ ကိုယ့်ကို  ကြားထဲ စိမ်းသက်သွားပြီးထောင်ထဲ ပို့ဖို့ ကြံခဲ့တာ။ဒါမဲ့ ဘယ်လိုလုပ်မလဲ?ကိုယ်က မင်းထက် အမြဲ ခြေတစ်လှမ်းသာတယ် min။

"ဟို "

"ကိုယ်သိပါတယ် Jungkook ရှိနေတယ်ဆိုတာ "

Jimin ဂျွန့်မျက်နှာအား တစ်ချက်ကြည့်ပြီး

"ဘယ်လိုလုပ်သိတာလဲ?"

More Than LifeWhere stories live. Discover now