"ဟယ်လို ယောတောဘွန်းတို့ "
Live စလွှင့်လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း
Million နဲ့ချီဝင်လာတဲ့
သူ့ပရိသတ်တွေကြောင့် ဂျွန့် နှုတ်ခမ်းပါးထက် အပြုံးလေးများ ပေါ်လာသည်။
သူ့ပရိသတ်တွေက သူ့ကို ခုထိ မမေ့သေးသည့်ပုံ။သဲငယ်နဲ့ လက်ထပ်ပြီးကတည်းက
အနုပညာအလုပ်များကို
သူ ဦးစားမပေးတော့ပေ။
သူ့ရဲ့ ငယ်ရွယ်တဲ့အချိန်မှာ
ဝါသနာနောက်ကို လိုက်ခဲ့ပြီးပြီမို့
ကျန်ရှိနေတဲ့ သူ့ဘဝရဲ့ သက်တမ်းတစ်လျှောက်လုံးအတွက်ကတော့
သူချစ်ရတဲ့သူနဲ့သာ အချိန်ဖြုန်းသွားချင်သည်။"ဟုတ်ကဲ့ ကျွန်တော် အနုပညာလုပ်ငန်းတွေ
ပြန်လုပ်သွားမှာပါ ""အချိန်အတိအကျတော့ မပြောနိုင်သေးပေမယ့် ကျွန်တော့်ရဲ့ jiminကလည်း
ဒီအလုပ်တွေလုပ်ခွင့်ကို ပိတ်ပင်မထားပါဘူး""ကျွန်တော်လည်း ယောတောဘွန်းတို့ကို
သတိရနေပါတယ် ""ကျန်းမာရေး ဂရုစိုက်ကြပါ "
"Jiminလား ?သူ နဲ့ ကျွန်တော်နဲ့ စိတ်ဆိုးနေတယ်"
"ကျွန်တော့်ဆံပင်တွေ ရှည်နေတာကို
သူက မကြိုက်ဘူး။အဲ့တာ ညှပ်ပေးချင်နေတာ။ကျွန်တော်က လက်မခံလို့ စိတ်ဆိုးသွားတယ် ""ကျွန်တော် ညှပ်လိုက်ရမလား ?"
"ညှပ်လိုက်ပါ့မယ်လေ "
သူဘာသာမေး၊သူဘာသာဖြေနေသော
Jungkookအား fanတွေမှာ ပြုံးပြီးသား
ကြည့်နေကြတော့သည်။
သူတိူ့မညှပ်နဲ့ခိုင်းလည်း ညှပ်မှာပဲကို။"ခုတော့ ကျွန်တော် နည်းနည်း
သောက်ဖို့ တွေးထားတယ် ""ယောတောဘွန်းတို့ တူတူ သောက်ကြမလား?မသောက်တတ်တဲ့ သူတွေပါရင်လည်း
စောင့်ပေးပေါ့ "သွားတန်းညီညီလေးတွေ ပေါ်အောင်
ပြုံးပြကာ ပရိသတ်တွေနဲ့ ညှိနှိုင်းပြီးနောက်
ဆိုဖာခုံ နောက်မှီကနေ ဝီးကနဲ ကျော်ချသွားသော jungkookအား ကြည့်ကာ
Fanတွေမှာ အသည်းတယားယား ကျန်ခဲ့ကြရသည်။သူတို့ idolက ယောင်္ကျားသာ ရသွားတာ
ကလေးအတိုင်းပဲ မဟုတ်လား။
YOU ARE READING
More Than Life
Fanfictionကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-