💔 Part-32 💔

1.1K 105 21
                                    

"ကို ချစ်တယ်မလား "

"အင်း အရမ်းချစ်တာ "

ချစ်သူနှစ်ယောက် ကြည်နူးနေသည့်မြင်ကွင်းလေးအား ကြည့်ကာ တစ်စုံတစ်ယောက်ရဲ့ စိတ်ထဲတွင်တော့ ပူလောင်နေရသည်။

ချစ်စကားလေးများပြောပြီး နူးညံ့စွာ
ယုယုယယ ပွေ့ဖက်နေကြသော သူနှစ်ဦးအား ကြည့်ကာ ရင်ဘတ်ထဲကပါ ပူလောင်လာရသည်။

ခင်ဗျားကို ချစ်မိသွားတဲ့ ဒုက္ခကလည်း မသေးပါလား?

ကဒ်ဒ်ဒ်

Shooting  တစ်ခန်းရပ်သွားသည့်အခါ
Jungkook မီယောင်းကို ပွေ့ဖက်ထားရာမှ လွှတ်ပေးလိုက်သည်။

"တာဝန်ကျေပါတယ် "

"အကိုရောပဲ "

အပြုံးတို့ဖြင့် တုံ့ပြန်ပြီးနောက်
ကိုယ်စီနားနေခန်းဆီသို့ သွားလိုက်ကြသည်။

"Jimin "

"ကိုယ်နဲ့ ခနလိုက်ခဲ့ပေးဦး"

Jimin ရိုက်ကွင်းအား ကြည့်နေရင်းမှ
Jungkook ခေါ်သံကြောင့် လိုက်ရတော့သည်။

"ကိုယ့်ကို ဒါလေး ကူပါဦး"

ဆံပင်တို့ကို စည်းထားသော စီးကြိုးကွင်းက
ကျပ်နေကာ ငြိနေသောကြောင့် သူ့ကို ဖြည်ခိုင်းခြင်းပေ။

Jungkook က ထိုင်ခုံပေါ်မှာ ထိုင်နေရင်း
ခေါင်းကို ငုံ့ပေးထားသည်။

Jimin ကတော့ မတ်တပ်ရပ်လျက်ပင်
စီးက်ြုးကွင်းအား မနာစေရန် စိတ်ရှည်စွာ ဖြည်ပေးနေသည်။

မျက်စိရှေ့က မြင်နေရသော ခါးသေးသေးလေးနဲ့ ကိုယ်ငယ်လေးအား ဖျစ်ညစ်ပွေ့ဖက်ချင်စိတ်တွေက တဖွားဖွားပင်။ရိုက်ကွင်းထဲမှာတောင် မင်းသမီးနေရာ ဒီလူသားလေးသာဆိုရင် အတွေးတို့က ဝင်မိသေး။ငါ တော်တော်ဆိုးနေပြီပဲ။

"ရပြီ"

သူ့ရဲ့ အသက်ရှုသံ ခပ်နွေးနွေးတို့က
Jimin ဗိုက်သားဆီ တစ်ချက်တစ်ချက် လာထိသောကြောင့် မနေတတ်စွာ အမြန်ဖြည်ပေးလိုက်ရသည်။

"အင်း "

Jungkook အင်္ကျီ လဲမည်ဖြစ်သောကြောင့်
Jimin လည်း ထို အခန်းထဲမှ ထွက်ခဲ့လိုက်သည်။

More Than LifeWhere stories live. Discover now