Jeon jiminnnnnnnnnn
"ဟင် "
Jeon jimin တဲ့။ငါ့ကို ခေါ်လိုက်တာလား?
ဘေးနားက jungkookကို စောင်းငဲ့ကြည့်တော့လည်း ပြုံးစိစိလုပ်နေကာ တော်တော်သဘောကျနေပုံရသည်။
ခေါ်ခံလိုက်ရတဲ့ jimin မှာသာ ခုထိ သူ့နားသူပင် မယုံနိုင်သေး။ဘယ်လိုတွေတောင် ခေါ်ချလိုက်တာလဲ ။
Socialပေါ်မှာ သူတို့နှစ်ယောက်ကို shipတဲ့
Pageတွေ ရှိတာသိပေမယ့် သေချာမသိချင်ယောင်သာဆောင်ထားလိုက်သည်။Jungkookအတွက် တစ်ခုခုထိခိုက်သွားမှာစိုးရိမ်သောကြောင့် သူ ဆင်ခြင်နေရခြင်းဖြစ်သည်။အခုလို jungkookရဲ့ dating newsအပေါ် စိတ်မဆ်ုးကြတဲ့အပြင် ဝိုင်းပြီးတွန်းအားပါ ပေးနေတဲ့ fanတွေကြောင့် အနည်းငယ်တော့ jungkookအတွက် စိတ်ပူပန်တာလျော့သွားသည်။
အခုလည်း အဖြေတောင်မပေးရသေးတာကို ခေါ်ချလိုက်တာ။ချစ်သူတောင်မဖြစ်လိုက်ရပဲ
မျိုးရိုးနာမည်ကြီးပါ သူ့နာမည်ရှေ့ကို ကောက်တပ်ပေးလိုက်ကြတာ မြန်လွန်းတယ်မထင်ဘူးလား?ဟဲ့ ငါအော်လိုက်တာ ကြားသွားလောက်တယ်မလား?
ဒီလောက် အသံ toneကြီးနဲ့ အော်လိုက်တာ
မကြားပဲနေမလားဟယ်။ငါပါ အူသွားတယ် နားတွေ။ကြားသွားရင်ကို ကျေနပ်တယ်။
Jungkook အား jimin မကြည်သလို
ကြည့်မိတော့ "ဘာလဲ"ဆိုသော အထာဖြင့်
မျက်ခုံးပင့်ပြလာသည်။Jungkook စိတ်ထဲတွင်တော့ အော်ပေးသော
တစ်ယောက်အား "ချစ်ဖို့ကောင်းတဲ့ ငါ့ fanလေးတွေ"ဆိုပြီး ချီးကျူးနေမိတော့သည်။Jimin တိုက်ခန်းသို့ အရင်လိုက်ပို့ခိုင်းလိုက်ပြီး jungkookကိုတော့ နောက်မှ လိုက်ပို့စေလိုက်သည်။
Jimin လည်း အိမ်ရောက်ပြီး ရေတန်းချိုးလိုက်ကာ ပေါ့ပေါ့ပါးပါး တစ်စုံသာ ဝတ်ပြီး
အဆာပြေစားရန် ဝယ်ထားသော ခေါက်ဆွဲဗူးလေးအားဖောက်ကာ ရေနွေးထည့်ထားလိုက်သည်။တီ တီ တီ
ဖုန်းမြည်လာသံကြောင့် ခေါက်ဆွဲဗူးပါ တစ်ခါတည်း စားပွဲနားသို့ ယူသွားကာ
ဝင်ထိုင်လိုက်သည်။
YOU ARE READING
More Than Life
Fanficကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-