အားးးးးး
"ထွက်သွားးး!!!"
"မလာကြနဲ့!!ငါ့နားကို
ထွက်သွားကြ"နားနှစ်ဖက်ကို ဖိပိတ်ကာ အခန်းထောင့်နားတွင် မျက်စိမှိတ်အော်နေသော ကောင်လေးတစ်ယောက်ရဲ့ ပုံရိပ်က မြင်ရသူအဖို့ မျက်ရည်ဝဲစေသည်။
"Min min လာ လာ!
သူတို့နားမနေနဲ့။သူတို့က minကို ကိုယ့်ဆီက ခေါ်သွားမှာ။လာ ကိုယ့် နားနေ "တစ်စုံတစ်ခုကို တွေ့မြင်နေသလိုမျိုး လက်ယပ်ခေါ်နေကာ၊တစ်စုံတစ်ယောက်ကို ထွေးပွေ့ထားသလိုမျိုး လေထုကို ပွေ့ဖက်ထားသော ကောင်လေးက ပုံမှန် အသိစိတ်ကတော့ ရှိမနေသည်မှာ အမှန်။
"Min အိပ်နေတုန်းလား?ထတော့လေ။
Jungkookဆီ ကိုယ်လိုက်ပို့ပေးမယ်နော်""ကုတင်ပေါ် သွားအိပ်မယ်နော် "
ဆေးရုံကုတင်ဖြူဖြူဘေး ထိုင်ခုံပေါ်ဝင်ထိုင်လိုက်ရင်း တစ်စုံတစ်ဦးကို ချော့သိပ်နေသလိုမျိုး ခေါင်းအုံးဖြူဖြူလေးကို ကြည့်ကာ စကားများပြောနေသည်။
"Min အိပ်ချင်လို့လား?အိပ်လိုက်နော်
နိုးရင် ကိုယ်တို့ လက်ထပ်ကြမယ် ""ကိုယ် မင်းကို သိပ်ချစ်တာ
အရမ်းချစ်တယ်။သိတယ်မလား?"ခေါင်းအုံးဖြူဖြူလေးကို အနမ်းများပေးကာ
စကားတွေ တောင်ရောက်၊မြောက်ရောက် ပြောနေသည်မှာ ရင်နင့်ဖွယ်ကောင်းလှသည်။အချစ်ဆိုတဲ့အရာက လူတိုင်းကို ပေးလို့ရတဲ့အရာမဟုတ်။ကိုယ်ပေးလိုက်တဲ့ အချစ်ကို
လက်ခံနိုင်တဲ့ သူအတွက်ကျ လှပတဲ့ ချစ်ခြင်းတွေဖြစ်လာသည်။လက်မခံနိုင်တဲ့ သူတွေအတွက်ကျ ကိုယ်ပေးလိုက်တဲ့ အချစ်က
သူတို့အတွက် အဆိပ်အတောက်လို ဖြစ်သွားတတ်ကာ ပေးတဲ့သူအတွက်လည်း ရင်ကွဲအောင် ခံစားရသည်။မချစ်သင့်သောသူကို
ဆက်မချစ်ပဲ စွန့်လွှတ်ခြင်းနဲ့ ဖြေသိပ်တတ်ကြသူတွေအတွက်ကျ ဝေဒနာဟာ ထင်ထားသလောက် မပြင်းထန်။ရူးမိုက်ပြီး ရှေ့ဆက်တိုးခဲ့ရင်တော့ နှစ်ဆမက နာကျင်ရမည်။Taemin ~
ဒီဇာတ်လမ်းမှာ ဗီလိန်တစ်ယောက်လို ဖြစ်ကောင်းဖြစ်ခဲ့လိမ့်မယ်။jiminအပေါ်ထားသော သူ့ရဲ့ချစ်ခြင်းတွေကတော့ ဟာသလုပ်လို့မရ။သူ မြတ်မြတ်နိုးန်ုး၊နှစ်နှစ်ကာကာကို ချစ်ပြခဲ့သည်။တစ်ဘဝတွငိမက နောက်ဘဝအထိပါ မလျော့တဲ့အချစ်နဲ့ သူချစ်ပြခဲ့သည်။
ဆုံးရှူံးရတဲ့အခါ၊ဒီလူသားလေးကို သူမပိုင်ဆိုင်ရတော့ပါလားလို့ တွေးမိသည့်အခါမျိုးမှာ ဦးနှောက်အသိထဲ ပေါ်လာတာက သူရအောင် ယူဖို့။တစ်ဖက်လူရဲ့ ခံစားချက်ကို သူဂရုမစိုက်။သူ ဒီလိုလုပ်လိုက်လို့ ဘယ်သူတွေခံစားသွားရမလဲ?အကောင်းတွေဖြစ်လာနိုင်လား?အဆိုးတွေဖြစ်သွားမလားလို့ သူမတွေးခဲ့။သူ သိခဲ့တာတစ်ခုတည်း။ဒီလူသားလေးကို သူ့အနားမှာရှိစေချင်တယ်။မျက်နှာလေးကို အမြဲမြင်တွေ့ချင်တယ်။အဓိက အချက်က ဒီလူသားလေး သူ့အနားမှာရှိနေဖို့ပင်။
YOU ARE READING
More Than Life
Fanfictionကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-