💔 Part -7 💔

1.3K 118 0
                                    

နေရောင်ခြည်ဟာ လိုက်ကာစလေးများမှတစ်ဆင့် အခန်းတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည်။ဒီနေ့နဲ့ဆို min ကျွန်တော့်ဘဝထဲ ပြန်ရောက်လာတာ ဆယ်ရက်ရှိပြီ။
ဆယ်ရက်အတွင်း နာကျင်မှုတွေရော၊ပျော်ရွှင်မှုတွေရော တစ်လှည့်စီ ခံစားခဲ့ရတယ်။
ဒါပေမယ့် နာကျင်မှုကပိုများတယ်။မနှစ်သက်ဘူးလားမေး။နှစ်သက်တာပေါ့။minပေးတဲ့ ဘယ်အရာကိုမဆို ကိုယ်က အကုန် မြတ်နိုးပြီးသားမို့ ။နာကျင်စရာတွေဖြစ်နေရင်တောင်မှပေါ့။

အခုနောက်ပိုင်း minနဲ့ ကျွန်တော်ရဲ့ ဆက်ဆံရေးက ပိုပြီး ကောင်းလာပါသည်။ညအိပ်စောင့်ပေးတဲ့ရက်တွေမှာလည်း လက်ခံပေးကာ တရင်းတနှီးလည်း စကားပြောပေးသည်။မိတ်ဆွေဆိုတဲ့စည်းအနေနဲ့ပေါ့။
သို့ပေမယ့် ကျွန်တော် ယုံကြည်တယ်။minတစ်နေ့ ကျွန်တော့်ကို ပြန်ချစ်လာမှာ။
မေတ္တာဆိုတာ အသွားအပြန်ရှိတယ်မလား။
ဒီနေ့လည်း minဆီ ညအိပ်စောင့်ပေးရမှာမို့
အလုပ်ကိစ္စများလက်စသပ်ကာ ဆေးရုံသို့
မောင်းနှင်လိုက်သည်။ဆိုလ်းမြို့ရဲ့ ညနေခင်းအလှကို ခံစားရင်း ပြန်တွေးမိတာက အတိတ်က အဖြစ်အပျက်လေးတစ်ခုကို။

" ကဲ taeminနဲ့ ပြိုင်မယ့်သူရှိသေးလား?"

Club တစ်ခုတွင်ဖြစ်သည်။လူငယ်ဘဝရဲ့
စိတ်အပန်းဖြေရာနေရာတစ်ခုဖြစ်တဲ့ clubအတွင်းက dance floor မှာတော့ မီးရောင်စုံများ၊မြူးကြွသော သံစဉ်တီးလုံးများနှင့် အတူ ဣတ္ထိယလေးများက ကောက်ကြောင်းလှပစွာ လှုပ်ရှားနေကြပြီး ပုရိသ ယောင်္ကျားလေးများကတော့ အလှတရားတွေကို ခံစားရင်း မြောလွင့်နေကြသည်။taeminတို့ သူငယ်ချင်း အုပ်စုလည်း
VIP roomထဲ သောက်နေကြရင်းမှ ပျော်စရာလေးတွေ ရှာချင်သောကြောင့် dance floor သို့ ထွက်လာကြသည်။စည်းချက်များနှင့်အတူ taeminလွင့်မြောနေစဉ် အနားသို့ ရောက်လာသော ခပ်ဟော့ဟော့ ကောင်မလေးတစ်‌ယောက်။body fitကို ပေါင်တံအလယ်လောက်ထိ အချိုးကျစွာ ဝတ်ဆင်ထားပြီး ဒေါက်ဖိနပ်ခပ်မြင့်မြင့်ကို
စီးထားသော သူမက ညမီးရောင်တွေအောက်မှာတော့ သိပ်လှခဲ့သည်။

"Hey တစ်ယောက်ထဲပျင်းနေလား?
ပျော်စရာလေးတစ်ခုလောက် မဖန်တီးချင်ဘူးလား?"

More Than LifeWhere stories live. Discover now