" CEO အပြင်မှာ ဧည့်သည်တစ်ယောက်က
တွေ့ခွင့်တောင်းနေပါတယ်"Taemin ထုတ်ကုန်၊သွင်းကုန် ပစ္စည်းများရဲ့
စာရင်းစစ်နေစဉ် အတွင်းရေးမှူးမလေးရဲ့
စကားကြောင့် တစ်ချက်တွေးမိသွားသည်။
ဒီနေ့ ဘယ်ဧည့်သည်နဲ့မှ တွေ့ဖို့ ချိန်းမထားပါဘူး။"ဝင်ခဲ့ ခိုင်းလိုက်ပါ"
"ဟုတ်ကဲ့"
"Taemin"
အတွင်းရေးမှူးမလေး ထွက်သွားပြီးနောက်
စာရင်းဇယားများထံတွင် အာရုံကပ်လိုက်သော်လည်း ကြားလိုက်ရသော အသံကြောင့်
ခေါင်းမော့ ကြည့်မိလိုက်သည်။အနက်ရောင်
ဆွယ်တာလည်ပိတ်လေးအား အပေါ်မှ sport coatအနက်ရောင်လေးကို တွဲဝတ်ထားကာ
အနက်ရောင်ဘောင်းဘီကျပ်ကျပ်လေးနှင့်
Boostအနက်ရောင်လေးကို စီးထားသည်။
Minရဲ့ all blackဝတ်ဆင်လာပုံကို ကြည့်ပြီး
ပြန်မတွေးချင်တော့တဲ့ အတိတ်က တစ်စုံတစ်ယောက်ကို သွားသတိရမိသည်။
သို့သော် မြန်မြန်ပဲ ခေါင်းထဲမှ ထုတ်လိုက်ပြီး
ချစ်ရသူကိုသာ ရှေးရှု့လိုက်သည်။"Min minက ကိုယ့်ဆီကိုလာတယ်?
လာ ဒီမှာ ထိုင်"Minအား ဆိုဖာပေါ်တွင် ထိုင်စေလိုက်ကာ
မိမိကိုယ်တိုင်လည်း minနဲ့ မျက်နှာချင်းဆိုင်က ဆိုဖာပေါ်တွင်ဝင်ထိုင်လိုက်သည်။"ဘာကိစ္စရှိလို့လဲ min?"
"ဟင် အော်"
Jimin ပြောဖို့ရာပင်ဝန်လေးနေမိသည်။
မေမေ့ကြောင့်မို့သာ သူ taeminအား
လာတွေ့ရခြင်းဖြစ်သည်။ကျောင်းက
ပြန်လာပြီးနောက်ပိုင်း jimin အပြင်သိပ်မထွက်ဖြစ်ပဲ taeminအိမ်ရောက်လာချိန်တွင်လည်း တစ်ခုမဟုတ်တစ်ခု အကြောင်းပြပြီး
ရှောင်နေတတ်သည်။မတွေ့ချင်လို့ရယ် မဟုတ်ပဲ အားနာနေသောစိတ်ကြောင့် taeminအား တွေ့ဖို့မရဲနေခြင်းဖြစ်သည်။
ဒီနေ့တော့ မေမေက taeminနဲ့တူတူ
အပြင်လျှောက်လည်ပေးပါဆို၍ မငြင်းရက်တာကြောင့် ဒီကိုရောက်လာခဲ့ခြင်းဖြစ်သည်။
အခုတော့ dateရအောင်လို့ ပြောဖို့ကလည်း
သူ့နဲ့ကိုယ်နဲ့က ဘာမှ ဆိုင်သေးတာမဟုတ်။"Min!? min?ကိုယ်ပြောတာကြားလာ?"
"ဟမ် အော် အင်း ကြားပါတယ်။
တောင်းပန်ပါတယ် နည်းနည်းအတွေးလွန်သွားလို့"
YOU ARE READING
More Than Life
Fanfictionကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-