မနက်ခင်းရဲ့ နေရောင်ခြည်လေးတွေဟာ
အခန်းတွင်း လိုက်ကာစလေးများကို ဖြတ်ကာ
အိပ်စက်နေသော လူသားလေးရဲ့ မျက်နှာပေါ်သို့ ဖြာကျနေလျက်။jiminညက အိပ်မက်ရဲ့ ဒဏ်ကြောင့် တော်တော်နဲ့အိပ်မပျော်ခဲ့။ထို့ကြောင့် ယခုမနက်ခင်းတွင်
မနိုးနိုင်သေးပေ။အိပ်ပျော်နေသော လူသားလေးနားဘေးမှာတော့ မမြင်နိုင်တဲ့ဖြစ်တည်မှုလေးတစ်ခုက မွေ့ယာထက်မှာ ခေါင်းတင်ကာ မှေးစက်နေသောမျက်နှာလေးအား အနုစိတ်ကြည့်နေသည်။မင်းနဲ့ကိုယ် ဘယ်လိုကံတရားတွေက နီးစပ်အောင် ဖန်တီးပေးခဲ့လည်း မသိပေမဲ့ ဝေးကွာခြင်းဆိုတဲ့ လောကဓံတရားကြီးက
ကိုယ့်ကို နှိပ်စက်ပေးလိုက်ပြီ။ထို့နောက်တော့ အိပ်ပျော်နေသော လူသားလေး နဖူးကျဉ်းကျဉ်းလေးထက် အနမ်းလေးတစ်ပွင့် ခြွေမိသည်။
ဒေါက် ဒေါက်
"သားလေး နိုးနေပြီလား?
မနိုးသေးလည်း ထတော့နော်။ခနနေရင် ဆေးရုံသွားရဦးမယ်လေ"Jimin အမေဖြစ်သူရဲ့ အသံကြောင့် အိပ်ယာမှ လူးလဲထလိုက်ရသည်။
"ဟုတ်ကဲ့ မေမေ
သားဆင်းလာခဲ့မယ်""အင်း အင်း ဟုတ်ပြီ"
ထို့နောက်တော့ မျက်နှာသစ်ရန် toiletခန်းထဲသို့သာ ဝင်လိုက်သည်။မျက်နှာသစ်နေရင်း
မှန်ထဲ၌ မိမိကိုယ်ကို ကြည့်ကာ နဖူးပြင်လေးအား စမ်းကြည့်မိသည်။နွေးနေသလိုပဲ။
နွေးနေသော နဖူးပြင်လေးအား ကိုင်ကြည့်မိရင်း ရင်ဘတ်ထဲ၌လည်း အေးမြခြင်း၊နွေးထွေးခြင်းတို့ကို ခံစားလိုက်ရသည်။jimin
ပြုံးကာပင် မျက်နှာသစ်ခြင်းကို အမြန်အဆုံးသတ်လိုက်သည်။ထို့နောက်တော့ ပေါ့ပေါ့ပါးပါး ဝတ်စုံတစ်စုံကိုရွေးဝတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။"အော် သားလေး ဆင်းလာပြီ။
လာ ဒီမှာ သားလေးကြိုက်တဲ့ ကင်မ်ချီထမင်းကြော်လေး ပြင်ထားပေးတယ်"
YOU ARE READING
More Than Life
Fanfictionကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-