💔 Part-25 💔

1.2K 97 20
                                    

"ဂျွန်"

"ဟင် "

ကားအတွင်း၌ပင် ထိုင်ကာ jimin တွေးမိသမျှ ဂျွန့်အားပြောပြနေမိသည်။ဂျွန် သေဆုံးခဲ့တာက သေချာပေါက် အသတ်ခံရတဲ့ကိစ္စဖြစ်တဲ့အတွက် သူ့အနေနဲ့ ဂျွန့်အတွက် တရားမျှတမှုကို ပေးချင်မိသည်။ဂျွန့်ကိုသတ်ခဲ့တဲ့လူကိုလည်း သိချင်မိသည်။သေချာပေါက်ရအောင် ဖော်ထုတ်မယ်။

"ငါ Taemin ကို သံသယဝင်နေမိတယ်"

"သဲငယ်က ဘာလို့အဲ့လိုထင်တာလဲ?"

"Taemin က မင်းနဲ့ငါရဲ့ အကြောင်းကို
အကုန်သိတဲ့သူမလား?အဲ့တာကို ဘာလို့ သူက ငါသတိရလာပြီးနောက်ပိုင်း ပြန်မပြောရတာလဲ?ဘာလို့ မသိတဲ့လူတစ်ယောက်လို ရေလုံနှုတ်ပိတ်နေခဲ့ရတာလဲ?ပြီးတော့ ဘာလို့
ငါ့ချစ်သူပါဆိုပြီး လိမ်ခဲ့ရတာလဲ?"

"အင်း ကိုယ်လည်း အစက အဲ့လိုတွေးမိခဲ့တယ်။ဒါမဲ့ Taemin က ကိုယ်တို့အတွက် သူငယ်ချင်းကောင်းလေ။သူ့အနေနဲ့ အဲ့လိုလုပ်ရတဲ့ အကြောင်းတစ်ခုခုကတော့ရှိမယ်ထင်တယ်"

ဂျွန်ဟာ မွေးကတည်းက ဂေဟာမှာပဲ ကြီးပြင်းခဲ့ရသည့်အတွက် သူငယ်ချင်းမိတ်ဆွေ များများစားစား မရှိခဲ့ပေ။ဂျွန်ကိုယ်တိုင်ကလည်း ဘယ်သူနဲ့မှ အရောတဝင်မနေသည့်အတွက် သူငယ်ချင်းဆိုတာ ဂျွန့်အတွက် ရွှေထက်ရှားသည်။အထက်တန်းအောင်ပြီးနောက် ဂေဟာမှထွက်ကာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရင်း တက္ကသိုလ်ကို ဆက်တက်ခဲ့သည်။
ထိုမှ ဆုံတွေ့ခဲ့ရသော Taemin က ဂျွန့်အတွက် သူငယ်ချင်းကောင်းလိုဖြစ်ခဲ့သည်။
သဲငယ်က မိတ်ဆက်ပေးလို့ သိခွင့်ရခဲ့ကြပေမယ့် taeminက သူ့အပေါ် ညီအစ်ကို အရင်းတစ်ယောက်လို သဘောထားကာ ဆက်ဆံပေးခဲ့သည်။taemin ဟာ ချမ်းသာတဲ့သူဖြစ်လို့ ကြွားဝါခြင်းတွေမရှိ၊မာနကြီးခြင်းတွေမရှိပေ။ထို့ကြောင့် ဂျွန်အနေနှင့် Taemin ပေါ် သံသယဝင်မိပေမယ့် မဝင်ရက်ပေ။သူငယ်ချင်းကောင်းအပေါ် သံသယစိတ် မထားချင်သည့်အတွက်ကြောင့်ပင်။

"ဂျွန် လူတွေကို မင်းလိုမထင်နဲ့နော်
ငါလည်း သံသယမဝင်ချင်ပေမယ့်
ငါ့စိတ်ထဲမှာ သူ့ကိုပိုမသင်္ကာဖြစ်မိနေတယ်"

"အင်းပါ ကိုယ်တို့ စုံစမ်းကြည့်မယ်လေ"

"အင်း "

More Than LifeWhere stories live. Discover now