ရင်ခုန်သံတွေ တစ်ဖန် အသက်ဝင်လာခဲ့တဲ့နေ့။
ဒူ ဒူ ဒူ(ဖုန်းမြည်သံ)
"ဟယ်လို အန်ကယ်"
"........."
"ကျွန်တော် ခနနေမှ လာခဲ့ပါ့မယ်
အခု သွားစရာလေးရှိနေလို့""......"
"ဟုတ်ကဲ့ ပြီးတာနဲ့ လာခဲ့ပါ့မယ် အန်ကယ်
Taemin ကို ဂရုစိုက်ပေးပါဦး""......"
"ဒါဆို ကျွန်တော် ဖုန်းချပြီ အန်ကယ်"
ဖုန်းချပြီး မှန်ပြင်ထဲမှ ကိုယ့်ပုံရိပ်ကို
ကြည့်နေမိသည်။ဆောင်းရာသီ ရောက်လာပြီဖြစ်၍ အအေးဓာတ်က ပိုရလာလေပြီ။အခုသွားမယ့်နေရာကလည်း တောင်ပေါ်ဖြစ်တာကြောင့် အနွေးဓာတ်ရစေသည့် အဝတ်အစားများကို ဝတ်ထားရသည်။ဟူးးးးး
သက်ပြင်းမော တစ်ခုချကာ
စိတ်လှုပ်ရှားနေမှုများကို ဖြေဖျောက်လိုက်သည်။ဘယ်လိုပဲဖြစ်ဖြစ် ရင်ဆိုင်ရမှာပဲမလား?ဒီထပ်ပိုဆိုးတာတွေ ဖြစ်မလာခင်။"အကိုလေး ဘယ်သွားမလို့လဲဟင်"
"အာ ကျွန်တော် သွားစရာလေး ရှိလို့ပါ"
"အော် ဟုတ်ကဲ့ "
"ဒါဆို ကျွန်တော်သွားပြီ "
"ဟုတ်ကဲ့ အကိုလေး "
အိမ်အကူလေးအား နှုတ်ဆက်ကာ
ဟန်အိမ်တော်မှ ထွက်လာလိုက်သည်။တဖြည်းဖြည်း ဆိုးလ်မြို့နဲ့ဝေးကွာလာကာ
Dingwang တောင်ပတ်လမ်းသို့ ရောက်တော့မည်။ဘူဆန်မြို့ကို တခြားမြေပြန့်လမ်းက သွားလို့ရသော်လည်း တစ်ချို့ သဘာဝရှုခင်းခံစားကာ အေးအေးဆေးဆေး
သွားချင်တဲ့ သူတွေကျ အခုလို တောင်ပတ်လမ်းက သွားလေ့ရှိကြသည်။မြေပြန့်လမ်းအတိုင်း သွားသည်သာ များကြသည်မို့
တောင်ပတ်လမ်းလေးက အနည်းငယ်တော့
လူပြတ်သည်။Jimin တောင်ပတ်လမ်းလေးအတိုင်း မောင်းလာရင်း တစ်နေရာအရောက် ခေါင်းက ဆစ်ကနဲ ဖြစ်သွားကာ အဖြူရောင်ကားလေး
ချောက်ထဲ ကျသွားသည့်မြင်ကွင်းက ပေါ်လာသည်။ကားကို ထိုးရပ်လိုက်ကာ အောက်သို့ ဆင်းလိုက်သည်။တောင်ပေါ်နေရာဖြစ်သည့်အတွက် လေအေးများ ပိုတိုက်ခတ်သောကြောင့် ခန္ဓာကိုယ်လေး ကျုံ့ကာ
မိမိကိုယ်ကို လက်များဖြင့် သိုင်းထားမိသည်။
ဒီနေရာ ရောက်ကတည်းက စိတ်ထဲ အမျိုးအမည်မသိ ခံစားချက်ကြီးကြောင့် နေရခက်မိသည်။တစ်ဖက်နံရံတွင် တောင်နံရံရှိနေပြီး
တစ်ဖက်တွင်တော့ ချောက်ကမ်းပါးရှ်သည်။
Jimin ချောက်ကမ်းပါးနားသို့
တဖြည်းဖြည်း တိုးသွားရင်း ကြည့်မိသည်။
ငါနဲ့ Taemin က ဒီချောက်ထဲ ကျခဲ့တာလား?
ချောက်က နက်သည့်အတွက် အောက်ဆုံးအထိ မမြင်ရပေ။ဒီလိုချောက်ထဲ ကျတာတောင် အသက်ရှင်သည့် မိမိကိုယ်ကိုလည်း
မယုံနိုင်ဖြစ်ရသည်။
YOU ARE READING
More Than Life
Fanfictionကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-