ကြည်လင်သော အာကာပြင်ယံမှာ
မိုးတိမ်သား ဖြူဖြူတို့က ဟိုနေရာတစ်စု၊ဒီနေရာတစ်စုနှင့်။တချို့နေရာဆို တိမ်တိုက်ကြီးသဖွယ်ဖြစ်နေပြီး သေချာလေးခံစားကြည့်လျှင် အမြင်အာရုံကို ကြည်လင်ပေးနိုင်စွမ်းရှိသည်။ဒါက သဘာဝတရားကြီးရဲ့
အလှတစ်မျိုးပဲလား?ဒါဆို တိမ်တွေက အလှဆုံးပဲလား?
ဟင့်အင်း မဟုတ်သေးဘူး။minက ပိုလှတယ်။
Taemin တို့အခု တောင်ကုန်းတစ်ခု ပေါ်သို့ ရောက်နေခြင်းဖြစ်သည်။တောင်တက်ခရီးစဉ်လေးတစ်ခုစီစဉ်ကာ ကျွန်တော်တို့ရဲ့နှစ်ဖက်မိဘတွေနဲ့အတူ ရောက်လာကြခြင်းဖြစ်သည်။minနဲ့လည်း ပိုပြီးနီးစပ်ချင်သော
ရည်ရွယ်ချက်လေးကြောင့်လည်းပါသည်။ တောင်ပေါ်သို့တက်သည့် လမ်းတစ်ေလျှာက်တွင် Forsythia ပန်းများကဆီးကြိုနေသည်။တောင်ပေါ်သို့ရောက်သော် ခန အပန်းဖြေကာ လတ်ဆတ်သောလေပြေလေးများကို ရှုရှိုက်နေမိသည်။"တော်တော်လေး သာယာတယ်နော် min"
"အင်း ဟုတ်တယ် ဟိုမှာကြည့်ပါဦး
တိမ်တိုက်ကြီးတွေ လှလိုက်တာ"လက်ညှိုးလေးထိုးပြကာ
ဟိုအဝေးမှာ မြင်နေရတဲ့ တိမ်တိုက်အစုအဝေးကို လှကြောင်းပြောနေတဲ့ချစ်ရသူ။ကိုယ့်မျက်စိရှေ့က လူသားလေးက ပိုလှတာပါ။"min ခနက forsythia ပန်းတွေ တွေ့ခဲ့တယ်မလား?"
တိမ်တွေကိုကြည့်နေရာမှ taeminအား
ငဲ့ကြည့်မိသည်။"အင်း တွေ့ခဲ့တယ်လေ"
"အ့ဆို ကိုယ်ပြောဖူးတဲ့ စကားတွေလည်းမှတ်မိမယ်ထင်ပါတယ်။အဲ့ပန်းလေးတွေနဲ့
ကိုယ်နဲ့ သက်ဆိုင်နေတယ်ဆိုတာ"တိမ်တိုက်တွေကို မော့ကြည့်နေရာမှ
မိမိအား ကြည့်လာပြီး ပြောသော taemin
ကြောင့် မျက်လုံးချင်းဆိုင်မကြည့်ရဲစွာပင်
အကြည့်တို့လွှဲမိသည်။"ကိုယ် စောင့်စားခြင်းတွေကို မုန်းမိနေပြီ min"
"Taeminက ဘာကိုဆိုလို"
မျက်နှာချင်းဆိုင်ရပ်စေကာ
လက်ဖဝါးတို့အား သူ့ရဲ့လက်နှစ်ဖက်ဖြင့်
ဆုပ်ကိုင်လာသော taeminကြောင့်
Jimin စကားဆုံးအောင်တောင် မပြောမိဘဲ
ကြောင်ကြောင်လေးသာ ကြည့်နေမိသည်။
YOU ARE READING
More Than Life
Fanfictionကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-