Taemin က ဂျွန်နဲ့ သူကြားကို
ပြဿနာတက်အောင် လုပ်ခဲ့သည့် တရားခံဆိုတာကို မယုံနိုင်သေး။ယခုဘဝက taeminပုံစံက အေးအေးချမ်းချမ်းလေးဖြစ်နေတာကြောင့် အတိတ်ဘဝအကြောင်းကို မမှတ်မိသေးဘူးလို့ပဲ ထင်ထားခဲ့သည်။taemin သာ မှတ်မိနေခဲ့ရင် ဂျွန့်ကို တစ်ခုခု လုပ်လောက်မလား?ရန်ငြိုးတွေကို ဒီဘဝထိတော့ မသယ်လာလောက်ဘူးမလား?ပြီးတော့ သူ့ရဲ့ အချစ်ကို လက်မခံခဲ့တဲ့ သူ့ကိုရော Taemin မုန်းလေမလား?ဂျွန့်စကားတိုင်းကို သူ အကြွင်းမဲ့ ယုံကြည်ပေမယ့် မြင်ခဲ့ရတဲ့ ရင်နာစရာမြင်ကွင်းကြောင့် ဂျွန့်လုပ်ရပ်တွေကိုတော့ မုန်းသည်။စကားဆိုတာ လျှာဖျားလေးနဲ့ပဲ ပြောရတာဆိုတော့ လွယ်တာပေါ့ ဂျွန်ရယ်။"Jimin "
ကော်ဖီဆိုင်လေးရဲ့ ထောင့်ကျတဲ့ ဝိုင်းမှာ
ထိုင်တွေးနေရင်း နာမည်ခေါ်သံကြောင့်
လမ်းမထက်ရောက်နေသည့် အကြည့်များ
ခွာလိုက်ရသည်။"အာ ဂျူမီ ထိုင်ပါ"
"ဟုတ်ကဲ့"
မျက်နှာချင်းဆိုင်ခုံတွင် လာထိုင်သော
ဂျူမီ့အား ဖျော့ဖျော့လေး ပြုံးပြလိုက်သည်။
ကိုယ့်ချစ်သူနဲ့ အိပ်ယာပေါ်မှာ တွဲမြင်ထားတဲ့သူကို ဒေါသထွက်စွာ ပါးရိုက်၊နားရိုက် လုပ်မည့်အစား jiminကတော့ အေးချမ်းစွာ ပြုံးပြလာသည်။ဂျူမီ အေးချမ်းစွာ ပြုံးပြလာသော jiminအား ကြည့်ကာ အံ့ဩမိသေးသည်။jungkookနဲ့ အထင်လွဲစရာမြင်ကွင်းကို တူတူမြင်ထားတဲ့ သူမကို ဘာတစ်ခုမှ မလုပ်ဘဲ ယခုလို ခေါ်တွေ့ခြင်းကို သူမ မယုံနိုင်သေး။ခေါ်တွေ့ကတည်းက ရှင်းစရာတစ်ခုခုရှိမယ်လို့ ထင်ကာ သူ့အပြစ်အတိုင်း ရောက်လာခဲ့သည်။ပါးတော့ အနည်းဆုံးချခံရလောက်မည်ဟုတွေးထားသော်လည်း
ပြုံးပြလာတဲ့ အပြုံးလေးက လွဲနေမှန်း သိခဲ့ရသည်။jiminရဲ့ စိတ်ဓာတ်ကို သူမ ခန့်မှန်းနိုင်သလို၊လေးစားမိသည်။သူမ လုပ်ခဲ့သည့် လုပ်ရပ်အတွက်တောင် နောင်တရချင်သလိုလို။အဲ့အတွက်လည်း Jungkookရဲ့
မိတ်ဆွေအဆင့်အနေနဲ့တောင် ဆက်သွယ်မှု မပြုလုပ်ရတော့ပေ။ခု ရောက်နေတာကလည်း jimin မေးလာသမျှကို သူမ အမှန်တိုင်းဖြေပေးဖို့။"တကယ်ပဲ jungkookနဲ့ ကျွန်တော်တို့ ကြားကို အထင်လွဲအောင်လုပ်ခဲ့တာလား?"
YOU ARE READING
More Than Life
Fanfictionကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-