💔 Part-9 💔

1.1K 106 8
                                    

တိမ်ဖြူ တိမ်ပြာ တိမ်စူကာနှင့်
တိမ်ပြာများရောယှက်၊စိမ်းသက်တံ့ရောင်
အာကာဘောင်ပြင်ဝယ် ခမ်းနားစွာ တည်ရှိနေကြသည်။

ဒီနေ့တော့ taemin ချစ်ရသူဆီသွားရန်
တာဆူနေသည်။ထို့ကြောင့် အလုပ်ကိစ္စများမြန်မြန်လက်စသပ်ကာ minရှိရာဆီသို့။
လမ်းမထက်မှာ ကားမောင်းရင်း
Flower shop လေးတစ်ဆိုင် မြင်မိတာကြောင့် အတိတ်မှာ ချစ်ရသူအား
ပထမဆုံး ဖွင့်ပြောခဲ့တဲ့ နေ့လေးကိုသတိရမိကာ ဆိုင်ရှေ့လေး၌ ရပ်လိုက်သည်။ဆိုင်လေးထဲ ဝင်ဝင်ချင်း ရလိုက်သော ပန်းရနံ့ပေါင်းစုံများက taeminအတွက် ယစ်မူးဖွယ်ရာ။minလိုပဲပေါ့။ဒါမယ့် ဒီဆိုင်ထဲက ပန်းတွေအားလုံးပေါင်းလို့ရလာတဲ့ ပန်းရနံ့များက minလောက်ယစ်မူးဖွယ်ရာမကောင်း။taeminပန်းရွေးရန် ပန်းတွေဆီကိုသာ အာရုံစိုက်လိုက်သည်။အရောင်အသွေးမျိုးစုံ၊အသွင်အပြင်မျိုးစုံနဲ့ပန်းများက taeminအတွက်ရွေးချယ်ရန် ခက်မိသည်။
အချိန်တစ်ခုအကြာ စဉ်းစားနေပြီး နောက်ဆုံး
အာရုံကို ဖမ်းစားသွားတဲ့ ပန်းလေးက။

"အမ ကျွန်တော့်ကို ဟိုပန်းလေး ပြပေးပါလား?"

"အော် ဟုတ် ။ဒါလေးလားရှင့်"

"ဟုတ်တယ်ဗျ"

"ဟုတ် ဒီပန်းလေးနာမည်က White Lily တဲ့။
သူက တစ်နှစ်မှ ဆောင်းရာသီတစ်ခါပဲပွင့်တဲ့ပန်းလေး။Lilyပန်းတွေထဲမှာမှ သူရဲ့ အဖြူရောင်ဆိုတဲ့ ဖြစ်တည်မှုလေးကြောင့် ထူးခြားနေတာ။တစ်ချို့သူတွေကတော့ ချစ်ရသူကို
ဒီပန်းလေးနဲ့ ချစ်ခွင့်ပန်ရင် မေတ္တာ ပြန်ရတတ်တယ်တဲ့"

Taemin ပန်းဆိုင်က ဝန်ထမ်းအမ‌ ပြောတာကိုသာ သေချာနားထောင်နေမိသည်။သူ minကို ချစ်ခွင့်ပန်ခဲ့တဲ့နေ့တုန်းက ပန်းလေးက
Orange Lilyပန်းလေးတွေ။အခုတော့ white Lily ပန်းလေးတွေပေါ့။minသဘောကျလောက်မှာပါ။

"ဟုတ် ဒါဆို ကျွန်တော့်ကို ဒီပန်းလေးတွေပေးပါ"

"ဟုတ်ကဲ့ရှင့် ကံကောင်းပါစေနော်"

White Lily ပန်းစည်းလေးကိုင်ကာ ကားထဲ၌ taemin ကြည်နူးနေမိသည်။ဟုတ်တယ်။ဒီနေ့ minကို ထပ်ပြီး ဝန်ခံမည်ဟုတွေးထားသောကြောင့်။ဒီကြားထဲ minကလည်း
သူ့အပေါ် အလေးပေးလာတာကို ကြည့်ရရင်
သူ့အပေါ် ခံစားချက်ရှိနေလို့ပဲမလား?ချစ်ရသူမျက်နှာဖူးဖူးလေးအား တစ်စိုက်မတ်မတ်ကြည့်ပြီး သိပ်ချစ်ခဲ့ရတဲ့ အကြောင်းတွေ ပြောပြချင်မိပါရဲ့။ဒီနေ့တော့ အကောင်အထည်ဖော်မည်ဟု တွေးကာ
minရှိရာ ဆီကိုသာ မောင်းလိုက်သည်။

More Than LifeWhere stories live. Discover now