"ဂျွန်"
"အင်း ပြော သဲငယ် "
"ခု shooting မှာပဲလား?"
"ဟုတ်တယ်လေ လာမလို့လား?"
"အင်း လာခဲ့မလို့ နေ့လည်စာလည်းတူတူစားချင်လို့"
"ကိုယ်စောင့်နေမယ် "
"အင်း "
ဖုန်းချပြီး ရေချိုးခန်းထဲသို့ သွားလိုက်သည်။
လက်ရှည်အဖြူလေးကို ဂျင်းအနက်နဲ့ တွဲဝတ်လိုက်ကာ ဂျွန့်အတွက် ပြင်ဆင်ထားသော နေ့လည်စာဗူးလေးအား အိတ်အလှလေးထဲထည့်ကာ ထွက်ခဲ့လိုက်တော့သည်။လမ်းထိပ်ရောက်တော့ taxiငှားပြီး ဂျွန် ရှိရာ ဆီကို သွားလိုက်သည်။
Shooting က ပန်းခြံထဲတွင် ဖြစ်သည့်အတွက် jimin လမ်းလျှောက်ကာသာ
ရှာကြည့်နေသည်။"Min "
"ဟင် Taemin "
Taemin နဲ့ မထင်မှတ်စွာ တွေ့နေသောကြောင့် အံ့ဩမိသည်။
"ဘာလာလုပ်တာလဲ?"
"ကိုယ်လား?မီယောင်းနဲ့ dateလာလုပ်တာ။အခု မီယောင်းလည်း ပြန်သွားပြီလေ။အဲ့တာ minကို တွေ့လို့။minကရော jungkookနဲ့ လာတွေ့တာလား?"
"အဲ့လို လည်း မဟုတ်ပါဘူး။ဂျွန်က ဒီမှာ ရိုက်ကူးရေး လုပ်နေတာ။ခန လာတွေ့တာ"
"ဟုတ်လား ?ကိုယ်ရော လိုက်ခဲ့မယ်လေ
Jungkookနဲ့ မတွေ့ဖြစ်နေတာ ကြာပြီ"Jimin စိုးရိမ်စိတ်ဝင်မိသော်လည်း
ခုလို အခြေအနေအရဆို Taemin ရော၊jungkookရောက အကုန်လုံးကို မမှတ်မိသေးတာမို့ ပြဿနာတော့ ရှိမယ်မထင်။"ဟုတ် သွားကြမယ်လေ"
နှစ်ယောက်အတူတူ shooting ရှိရာဆီ လျှောက်လာကြသည်။
Jimin ရောက်သည့်အချိန်နှင့် Jungkook ရိုက်ကူးရေး ပြီးသည့် အချိန် နှင့် ဆုံသွားသည်။
Jungkook ဆီကို သွားဖို့ ခြေလှမ်းများက
မျက်လုံးထဲ ဖြတ်ဝင်လာသော မြင်ကွင်းကြောင့် ရပ်သွားသည်။ရိုက်ကူးရေး လုပ်ပြီးသည့် Jungkook အနားသို့ ဂျူမီက ရေဗူးတစ်ဗူးသွားပေးကာ ပြုံးရယ်နေကြသည့် မြင်ကွင်း။ဂျူမီက ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ?ရင်ထဲ ဆစ်ကနဲတော့ နာကျင်လိုက်ရသည်။
YOU ARE READING
More Than Life
Fanficကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-