💔 Part-18 💔

1K 83 9
                                    

ဘုရားကျောင်း ခန်းမတံခါးရှေ့၌
အဆင်သင့် စောင့်နေသော ဖေဖေ့လက်မောင်းအား ချိတ်လိုက်သည်။

"သား အဆင်သင့်ဖြစ်ပြီလား?"

"ဟုတ် ဖေဖေ"

အပြုံးများဝေဆာနေသော ဖေဖေ့မျက်နှာအား ကြည့်ကာ အလှဆုံးပြုံးပြလိုက်ရင်း
ဖြေမိသည်။

ထို့နောက် ပွင့်သွားသော တံခါးချပ်နဲ့အတူ
ခန်းမထဲသို့ ခြေလှမ်းများ စတင်လိုက်သည်။
ခန်းမထဲ ဝင်ဝင်ချင်း ရလိုက်သော
အဖြူရောင် နှင်းဆီပန်းရနံ့များက စိတ်ကိုလန်းဆန်းစေသည်။ခန်းမအတွင်း တစ်ခုလုံးကို အဖြူရောင်နှင်းဆီပန်းများဖြင့် အလှဆင်ထားသည်။အမိုးပေါ်မှလည်း နီယွန်မီးရောင်စုံလေးများ၊နက္ခတ်တာရာပုံစံ အလှဆင်မီးလေးများက တွဲလီတွဲလောင်းဖြင့် အောက်သို့ ဖြာကျနေသည်။jimin လာရာလမ်းတစ်လျှောက်တွင်လည်း နှင်းဆီပွင့်ဖတ်များဖြန့်ကျဲထားကာ ဘေးတစ်ဖက်စီက မီးရောင်စုံလေးများ တန်းညှိထွန်းထားသည်။
အဖြူရောင် နှင်းဆီပန်းများနှင့်အပြိုင်
လှရက်လွန်းနေသော အဖြူရောင် သတို့သားလေးအား ကြည့်ကာ ခန်းမအတွင်းက
လူအများက မှင်သက်ငေးမောနေကြသည်။

လျှောက်လမ်းအတိုင်း လျှောက်လာရင်း
နောက်ဆုံး ဖခင်ဖြစ်သူက jiminလက်အား
Taeminလက်ထဲသို့ ထည့်ပေးကာ သူ့နေရာသို့ သွားထိုင်လိုက်သည်။

ခန်းမတံခါးပွင့်ဟသွားသည်နှင့် သူမြင်လိုက်ရတာက သူ့ရဲ့ အဖြူရောင်နတ်သားလေး။
အဖြူရောင် အကျီလက်ရှည်ပုံစံကိုမှ
ပခုံးသားနေရာတွင် ဇာအဖြူလေးတွေနဲ့တွဲချုပ်ထားကာ လက်မောင်းကနေ လက်ကောက်ဝတ်အထိနေရာက မှန်ပါးအဖြူရောင်လေးနှင့်တွဲစပ်ထားသည်။လည်ပင်းနေရာလေး၌ အတွန့်ပုံစံလေးများဖြင့်ချုပ်ထားကာ အဖြူရောင် ဇာအဖြူလေးအောက်မှ မြင်နေရသော ညှပ်ရိုးဖြူဖြူလေးနှင့် ရင်ဘတ်ဖွေးဖွေးတို့က ထိရက်စရာမရှိ။လမ်းမှားစေနိုင်သော နယ်မြေတွေပင်။
အဖြူရောင် ဘောင်းဘီရှည်လေးကိုမှ ခါးပတ်အဖြူရောင်လေးနှင့်တွဲဝတ်ထားပြီး
အဖြူရောင် ဖိနပ်လေးကို စီးထားသော ချစ်ရသူက taeminမျက်လုံးထဲတွင် အဖြူရောင် နတ်သားလေးတစ်ပါးကဲ့သို့ပင်။ပကတိရှင်းသန့်ကြည်လင်နေသော မျက်နှာလေးကိုမှ
အနည်းငယ်ပြင်ဆင်ထားကာ
ဖူးကြွနေသော နှုတ်ခမ်း ဖူးဖူးတို့က အဆီနဲနဲဆိုးထားသည့် အတွက် နီမြန်းနေကာ
ပိုရူးသွပ်စေသည်။လှရက်လွန်းတာထက်ကို
အဆပေါင်းများစွာ လှချင်တိုင်းလှနေသော
အဖြူရောင်သတို့သားလေးအား ခန်းမထဲ စဝင်လာကတည်းက မိမိနားရောက်သည်အထိ
Taemin မျက်တောင်မခတ်ငေးကြည့်နေခဲ့သည်။minဖေဖေမှ မိမိလက်ထဲ ချစ်ရသူလက်လေး လာထည့်ပေးမှ သတိဝင်ကာ
ချစ်ရသူအား ပြုံးပြပြီး ဖာသာရှေ့တွင် နေရာယူလိုက်သည်။

More Than LifeWhere stories live. Discover now