💔 Part -4 💔

1.9K 138 0
                                    

အခန်းထဲ အရင်ရောက်နှင့်နေသော အန်တီနှင့် အန်ကယ်။အန်တီမှ ကျွန်တော်တို့ကိုမြင်လေတော့ -

"သားလေးတို့ပြန်လာကြပြီ"

"ဟုတ်‌ မေမေ"

ထိုမျှသာဖြေပြီး toilet ခန်းထဲဝင်သွားသော
Minအား ကြည့်နေမိသည်။

" Taemin သားလေးတို့ဘယ်သွားနေကြတာလဲ? အန်တီဖြင့် သားတို့နှစ်ယောက်စလုံးမတွေ့တော့ စိတ်ပူသွားတာပဲ"

အန်တီမှ မိမိကို မေးလာသောကြောင့် Minရှိရာ အခန်းဆီရောက်နေသော အကြည့်တို့ကို
လွှဲလိုက်ရသည်။

"အော် -ဟုတ် အန်တီ _သားတို့လေညှင်းခံသွားတာပါ လသာဆောင်ပေါ်ကို"

လိမ်လိုက်မိသည်။လသာဆောင်ပေါ်က အဖြစ်အပျက်ကို အန်တီနဲ့အန်ကယ်ကို မပြောဘဲထားတာပိုကောင်းလိမ့်မည်။ရှေ့လျှောက်တော့ minကို ပိုတိုးပြီး ဂရုစိုက်ရမည်။ဒီနေ့လိုအဖြစ်မျိုး ထပ်လုပ်မှာစိုး၍။
အဆုံးရှုံးမခံနိုင်တော့ဘူး။တစ်ခါဆုံးရှုံးပြီးသားမို့ နောက်တစ်ခါ ထပ်ပြီး။ဟင့်အင်း ဘယ်လိုမှ ဖြစ်မလာစေရဘူး။Park jimin
က အစကတည်းက Han Taemin အပိုင်ပဲ။

"ဒါနဲ့ သားလေးနဲ့mochiလေး ပြဿနာ ဖြစ်ကြသေးလား?ခနက mochiလေးမျက်နှာမကောင်းဖြစ်နေတယ်"

"မဟုတ်ပါဘူး အန်တီ-minက ခုမှနေကောင်းခါစဆိုတော့ သူနည်းနည်း စိတ်ရှုပ်နေလို့ပါ။တခြားဘာကိစ္စမှမရှိပါဘူး။သားတို့ချင်းလည်းအဆင်ပြေနေပြီမို့ အန်တီတို့ ဘာမှစိတ်မပူကြပါနဲ့"

"ဟုတ်ပါပြီ သားတို့ချင်းအဆင်ပြေတယ်ဆိုရင်လည်း ပြီးတာပဲ။အခု မိုးလည်းချုပ်နေပြီဆိုတော့ သားလေးပြန်လိုက်တော့လေ"

"ဟုတ် အန်တီ ကျွန်တော်မနက်ဖြန်မှထပ်လာခဲ့ပါ့မယ်"

"အ့ဆို ကျွန်တော့်ကို ခွင့်ပြုပါဦး အန်ကယ်နဲ့အန်တီ"

အန်တီနဲ့အန်ကယ်အား နှုတ်ဆက်ကာ minရှိရာအခန်းဆီတစ်ချက်လှမ်းကြည့်မိသည်။
ထွက်မလာသေးဘူးပဲ။မပြန်ခင် ချစ်ရသူရဲ့ မျက်နှာလေးမြင်ချင်သော်လည်း ထွက်မလာသေးသော minကြောင့် ဆန္ဒများ ချုပ်တည်းခဲ့ရသည်။ထို့နောက်တော့ ဦိးတည်ရာက
ဟန်အိမ်တော်ဆီသို့ပင်,..............................

More Than LifeWhere stories live. Discover now