ဘူတာအနီးတဝိုက်မှာ ဆူညံလျှက်ရှိသည်။
စျေးသည်တွေရဲ့အသံ.... ခရီးသည်တွေရဲ့အသံ.... ကလေးငိုသံ...တောင်းရမ်းသံ... အသံပေါင်းစုံဟာ ဘူတာရဲ့အနီးတဝိုက်မှာ ပြန့်ကြဲဆူညံနေပါတယ်။စင်္ကြန်ဟာ ညစ်ထေးထေးပါပဲ။
ထို့အတူ အိုဟောင်းတဲ့ဘူတာရုံကလဲ ညစ်ထေးထေးပဲပေါ့။"ကွမ်းယာ....ဆေးလိပ်..... အစ်ကို....ဆေးလိပ်..."
သစ်သားအပြါးကို သစ်သားနဲ့ဘောင်ခတ်ကာ ကြိုးတပ်ထားတဲ့ကွမ်းယာဗန်းက ရောင်းချသူရဲ့လည်ပင်းမှာ ချိတ်ဆွဲထားပြီး သစ်သားဗန်းက သူ့ဗိုက်ပေါ်မှာ အံဝင်ခွင်ကျ။
သူ့ကိုစျေးလိပ်ကွမ်းယာရောင်းသူက ဝယ်အုံးမလားဆိုတဲ့ပုံစံနဲ့ အနားကပ်ကာမေးတယ်။
သူခေါင်းခါပြလိုက်တယ်...."ဘာလီသကြားလုံးလဲ....ပါတယ်....အစ်ကို"
ခပ်သွက်သွက်စျေးသည်က သူ့ရောင်းချနည်းဗျူဟာကိုထပ်မံအသုံးပြုတယ်။ ဝယ်သူက တစ်ခုမဟုတ်တစ်ခု ဝယ်ကိုဝယ်ရမယ်ပေါ့။ ကွမ်းမစားတတ် ဆေးလိပ်မသောက်တတ်သူက မုန့် သို့မဟုတ် ချိုချဥ်ကို ဝယ်လိမ့်မယ်။ စေျးသည်ရဲ့ခပ်ပြုံးပြုံးမျက်နှာထားကြောင့် တစ်ခုခုဝယ်ဖို့ သူဆုံးဖြတ်လိုက်ရတော့တယ်။
"သကြားလုံးပဲပေး...."
"တစ်လုံး.....( )ပါ...အစ်ကို....ဘယ်နှစ်လုံးယူမလဲ"
ဘာလီသကြားလုံးတွေကို လက်နဲ့ယူရင်း စျေးသည်ကမေးတယ်။
"သရဲသကြားလုံးပဲပေး...."
သူ့လက်ထဲကိုအစိမ်းရောင် သကြားလုံးထုတ်ငယ်လေးတွေ ရောက်လာတယ်။
စျေးသည်က နှုတ်ဆက်ထွက်ခွာသွားပြီ။
.
.စိတ်ကိုအတတ်နိုင်ဆုံး အဆင်ပြေအောင်သူထားတယ်။
ဆိုလိုတာက....အခု...စိတ်လှုပ်ရှားမှုကို သူထိန်းရမယ်။
ဒါ အလိုအပ်ဆုံးလုပ်ရပ်။လေပူတစ်ချို့ကို ခပ်ဖွဖွမှုတ်ထုတ်မိရင်း စိတ်ကိုလျှော့ချမိတယ်။
တာဝန်တစ်ခုကို ထမ်းဆောင်တဲ့အခါ သူ စိတ်လှုပ်ရှားတာ နည်းတယ်။ သို့သော်....အခုက....အရမ်းအရေးကြီးပြီး သမိုင်းတကွေ့မှာ သူပါဝင်ထမ်းဆောင်နေရတဲ့ တာဝန်။
أنت تقرأ
On The Side Of Truth
القصة القصيرةလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...