Zawgyi"ဟဲ့ ဟိုနှစ်ယောက် ထိပ်တိုက်တွေ့ကြပြန်ပြီတဲ့!"
"အိုမို....အိုမို....ဘယ်လိုဖြစ်ကြပြန်တာလဲ ပထမဆုံးကျောင်းတက်တဲ့နေ့မှာကိုပဲလေ!"
"အေး ဟုတ်တယ်....နင်လိုက်မှာလား ငါသွားကြည့်မလို့"
"ဒီပွဲ ဘယ်အလွတ်ခံလို့ ဖြစ်ပါ့မလဲဟ!"
ထို့နောက် ထိုအနှီမိန်းကလေးနှစ်ယောက်မှာ အခင်းဖြစ်ပွားရာ သုံးထပ်ရှိ စီနီယာအထက်တန်း အခန်းရှေ့ ကို ပြေးသွားကြလေတော့သည်။
သူမ တို့ ထိုအခင်းဖြစ်ပွားရာ နေရာ ကို ရောက်ရှိတော့ ဆံပင်တွေကို မြောက်နေအောင် စည်းထားကာ တစ်လောကလုံးကို ဂရုမစိုက်သော အထာဖြင့် မျက်နှာကိုမော့ ထားပြီး, လက်နှစ်ဖက် ကို ယှက်လျက် သူ့ ရှေ့က လူအား ခနဲ့သောအပြုံးဖြင့် စိုက်ကြည့်နေသော ကောင်မလေး တစ်ယောက် ကို မြင်လိုက်ရလေသည်။သူမ အကြည့်ခံနေရသော ထိုလူသားမှာလည်း သူမ နှင့်နည်းတူ သူမ အား စိုက်ကြည့်နေပြီး မိုးပြာရောင်ဆံပင်တွေကိုတော့ သူ့ ရဲ့ လှပလှသော လည်တိုင်လေးတွေပေါ်မှာ လေပြေလေးတွေနှင့်အတူ ကခုန်နေစေလေသည်။
ထို့နောက် ထိုသူ ကပင် စတင်ကာ တိတ်ဆိတ်ခြောက်ကပ်နေသော အကြည့်စစ်ပွဲကြီးကို ဖြိုခွင်းလိုက်လေတော့သည်။
"ဟက်! အထက်တန်းနောက်ဆုံးနှစ်သာ ဆိုတယ် အရပ်ကလည်း ပထမနှစ်ကလိုပဲ တက်မလာဘူးနော်"
ထိုသူ ၏ ပြောစကားကြောင့် တစ်ဖက်က ကောင်မလေးမှာ မျက်မှောင်ကျုံ့သွားသည်ကို ပွဲကြည့်ပရိသတ်အားလုံး ရှင်းရှင်းလင်းလင်းမြင်လိုက်ရလေသည်။
"အိုး....နင်ကရော ဘာထူးလို့လဲ အရပ်ကသာရှည်လာသာ စကားတွေက မူလတန်းအဆင့်က တက်မလာတာလေ......"
ထို့နောက် သူမလေးမှာ အံ့သြသည့်ပုံစံဖြင့် နှုတ်ခမ်းလှလှလေးပေါ်သို့ သေးသွယ်လှသော လက်ချောင်းလေးများကို တင်လိုက်ပြီး စကားထပ်ဆိုလာလေသည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...