Zawgyi
ဂျင်းနီ ထိုနေ့မှ စ၍ လီဆာ့ ရဲ့ ကျောပြင်လေးတွေကို ငေးမောကြည့်နေရသည်ကို နှစ်သက်စပြုလာလေသည်။
သူမ နဲ့ တော့ တဖြည်းဖြည်း ဝေးကွာစ ပြုလာတဲ့ လီဆာ က ဆူဂျင်း နဲ့ကျတော့ ပိုပြီးနီးစပ်လာပေမယ့်လို့ပေါ့။
"ဂျင်းနီကင်! တီချယ် က အတန်းတွေပြီးရင် သူ့ရုံးခန်းကို လာခဲ့ပါဦးတဲ့!"
အခန်းဝ က ကောင်မလေးတစ်ယောက်ရဲ့ သူမနာမည်ကိုခေါ်လိုက်မှုကြောင့် ဂျင်းနီ လီဆာ့ အား ငေးကြည့်နေရာမှ ထိုကောင်မလေးထံသို့ အကြည့်ပို့လိုက်လေသည်။
သို့သော် သူမ ရဲ့ မျက်ဝန်းထောင့်မှ လီဆာ့ ရဲ့ လှုပ်ရှားမှုသေးသေးလေးကိုတော့ မြင်ဖြစ်အောင် မြင်သွားလိုက်သေးလေသည်။သူမ ကြည့်နေစဉ် တစ်လျှောက်လုံး စာအုပ်ပေါ်တွင် ပဲ အာရုံထားကာ တစ်ခုခုကို အသည်းအသန် ရေးနေသော လီဆာ က သူမ နာမည် ကို ဟိုကောင်မလေး က ခေါ်လိုက်တော့ ခေါင်းလေးအနည်းငယ် ထောင်လာခြင်းပင်။
သို့သော် ထိုအခြင်းအရာက ခေတ္တမျှသာ ဖြစ်သွားပြီး သူ့ ရဲ့ လုပ်လက်စ အလုပ်ကို ဆက်လုပ်နေလေသည်။ဂျင်းနီ အတန်းချိန်တွေပြီးတော့ တီချယ့် ရဲ့ ရုံးခန်းကို သွားလိုက်လေသည်။
ချယ်ယောင်း ကိုတော့ စက်ဘီး stand နားမှာပဲ စောင့်ခိုင်းထားလိုက်ပြီး ဂျီဆူ ကတော့ နေမကောင်းသဖြင့် ကျောင်းမလာချေ။"တီချယ် သမီး ကို ခေါ်တယ်ဆိုလို့"
"အော် အေး အေး...သမီး...."
တီချယ် က လုပ်လက်စ အလုပ်တွေကို ရပ်လိုက်ကာ ဂျင်းနီ ဘက်သို့ မျက်နှာမူလာလေသည်။
"ကျောင်းက နောက်တစ်ပါတ်ကျရင် သမီး တို့ အတန်းတွေကို လေ့လာရေးခရီး လိုက်ပို့မလို့တဲ့.....အဲတာ လိုက်မယ့် လူစာရင်းလေးတွေ တီချယ့် ကို ကောက်ပေးနိုင်မလားလို့ပါ"
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...