Zawgyi
ဂျင်းနီ ရဲ့ ဆုတောင်းပေးမှုကြောင့် ချယ်ယောင်း တစ်ယောက် ကံကောင်းထောက်မစွာဖြင့် သေမည့်ဘေးနှင့် ကပ်သီလေး လွဲခဲ့ရလေသည်။
သို့သော်လည်း ပြေးလိုက်ရသည်နှင့် မတန်အောင် ချယ်ယောင်း ယူလာသော သတင်းမှာ အမှားကြီး ဖြစ်နေလေသည်။...........
ဒီနေ့တစ်နေ့လုံး ထိုရှေးဟောင်းရွာလေးထဲတွင်ပဲ အချိန်ကုန်ဆုံးကျမည်ဖြစ်ပြီး မနက်ဖြန် ကျရင်တော့ တောင်ပေါ်သို့ တက်ကြမည်ဖြစ်လေသည်။
...........
ဂျင်းနီ တောင်ပေါ်တက်နေရင်း လမ်းတစ်လျှောက်တွင်တွေ့ရသော ပန်းပင်လေးများ ၊ အကောင်ငယ်လေးများ ကို ဓာတ်ပုံရိုက်နေသဖြင့် ချယ်ယောင်း တို့နှင့် လူစုကွဲသွားလေသည်။
ယခု အခြေအနေအရ ပြောရမည် ဆိုလျှင် သူမ ၏ နောက်တွင် လူသိပ်မကျန်တော့ပေ။
ဂျင်းနီ ဖြေးဖြေးမှန်မှန် ဖြင့် တောင်ပေါ်တက်နေရင်း လမ်းဘေးတွင် အလေ့ကျပေါက်နေသော အဖြူရောင် ပန်းပွင့်သေးသေးလေးတွေကိုကြည့်ရင်း သဘောတွေကျနေလေသည်။ထို့နောက် ထိုပန်းလေးတွေကို ဓာတ်ပုံရိုက်လိုက်ငါ နှုတ်ဖျားမှ လည်း လွှတ်ခနဲ ဖြင့်
"လှလိုက်တာ"
"အင်း"
သူမ ရဲ့ နား,နားကိုကပ်ကာပြောလာသော လူတစ်ယောက်ကြောင့် ဂျင်းနီ လန့်သွားကာ ခန္ဓာကိုယ် ဟန်ချက်ပျက်သွားလေသည်။
တစ်ဖက်သို့ သူမ လဲကျသွားတော့မည့် အခြေအနေတွင် သူမ ရဲ့ ခါးလေးထက်ကို လက်တစ်ဖက်ကရောက်ရှိလာပြီး သူမ တစ်ကိုယ်လုံးလည်း ထိုလူရဲ့ရင်ခွင်ထဲသို့ပစ်ဝင်သွားလေတော့သည်။သူမ ထိုလူ ကို မော့ကြည့်လိုက်တော့ သူမ ရဲ့ ချစ်ဦးသူလေးဖြစ်နေလေသည်။
ထို့နောက် သူမ လီဆာ့ ရဲ့ ရင်ခွင်ထဲမှ အမြန်ရုန်းထွက်လိုက်ကာ
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...