Zawgyi
လီဆာ တို့ အခန်းထဲကိုဝင်တော့ ရှေ့ဆုံးတန်းတွင်ထိုင်နေသော ဆူဂျင်း က လီဆာ့ ကို လက်ပြလာသဖြင့် လီဆာ က သူမ ဘေးတွင်ရှိသော ဂျီဆူ့ ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှေ့ဆုံးတန်းကို သွားထိုင်လိုက်လေသည်။
ဂျီဆူ လည်း လီဆာ့ ရဲ့ ဆိုလိုရင်းကို ရိပ်မိတာမို့ လီဆာ့ ရဲ့ နောက်သို့လိုက်သွားလိုက်လေသည်။
လီဆာ က ဆူဂျင်း ရဲ့ ဘေးတွင် ထိုင်လိုက်သည် နှင့် ဆူဂျင်း က သူမ ကို တစ်ခုခုပြလာသည်မို့ ကြည့်လိုက်တော့ တစိမ်းယောကျာင်္းလေးများ နှင့် ရယ်မောပျော်ရွှင်နေသော ဂျင်းနီ ရဲ့ ပုံဖြစ်နေလေသည်။
"ကြည့်ဦး တွေ့တာမကြာသေးတဲ့ သူတွေနဲ့တောင် ရယ်မောနေနိုင်တဲ့ သူက နင့် ကို ကျတော့ ဘာလို့ ခါးခါးသီးသီး ဖြစ်နေတာလဲ ဆိုတာ စဉ်းစားမရဘူးနော်..."
လီဆာ က ဆူဂျင်း ပြောလာသော စကားများကို လျစ်လျူရှုလိုက်ကာ ဆူဂျင်း ပြလာသော ထိုပုံကိုသာ စေ့စေ့ကြည့်နေလေတော့သည်။
...........
မနက်ပိုင်းစာသင်ချိန်တွေပြီးသွားတော့ ဂျင်းနီ နဲ့ ချယ်ယောင်း နှစ်ယောက်သား ကန်တင်း သို့် အပြေးအလွှားသွားကြလေသည်။
စားစရာများကို ယူပြီးသည်နှင့် ထောင့်စွန်းရှိစားပွဲတွင် နှစ်ယောက်သားထိုင်လိုက်ကြလေသည်။"၀ါး.......ဒီတက္ကသိုလ်ကိုလာမိတာမှန်ပြီထင်တယ်......အစားအသောက်က လုံးဝကို မိမိုက်နေတာပဲ!!"
ဂျင်းနီ က ဖုန်းကိုကြည့်နေရင်း ချယ်ယောင်း ပြောသမျှ ကို နားထောင်နေလေသည်။ထို့နောက် သူမ တွေ့သောသတင်းတစ်ခု အား ချယ်ယောင်း ကိုပြလိုက်တော့ ချယ်ယောင်း အတော်ပင် အံ့သြသွားလေသည်။
"၀ိုး.....တကယ်ကြီးလားဟ!!!"
ဂျင်းနီ က ချယ်ယောင်း ကို ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဖုန်း ကို ဘေးတွင်ချလိုက်ကာ ထမင်း ဆက်စားနေတော့လေသည်။
CZYTASZ
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...