40

405 56 4
                                    

Zawgyi

သူမ တို့ အိမ်​ကိုပြန်​​ရောက်​​နေသည်​မှာ အ​တော်​ပင်​ကြာသွား​သော်​လည်း လီ​ဆာ က​တော့ အခုထိ​ရောက်​မလာ​သေးသည်​မို့ ဂျင်းနီ လီဆာ့ ကို အနည်းငယ်​စိတ်​ပူ​နေ​လေသည်​။

"နီနီ နင့်​ဖုန်း ခဏ ငှါး...."

ထိုစဉ်​ ချယ်​​ယောင်း က သူမ ရဲ့ ဖုန်းကို ငှါး ​နေသည်​မို့ သူမ ရဲ့ အိတ်​ထဲကို ဖွင့်​ကြည့်​လိုက်​​သော်​လည်း ဖုန်းကို ရှာလို့မ​တွေ့​ချေ။

ထို့်​ကြောင့်​ သူမ လန့်​သွားကာ တစ်​ခန်းလုံး ​နေရာလွတ်​တစ်​ခုမှ မကျန်​​အောင်​ သူမ ရဲ့ ဖုန်း​လေးကို လိုက်​ရှာ​နေ​လေသည်​။

သို့​သော်​လည်း ထိုအနှီဖုန်းက ​ခြေ​ထောက်​​ပေါက်​ပြီး ထွက်​သွားသည်​ထင်​သည်​။လုံးဝ လုံးဝ ကို ရှာလို့ မ​တွေ့​ချေ။

ထိုစဉ်​ သူမ ရဲ့ ​ရှေ့သို့ သူမ ရဲ့ ဖုန်း​လေးမှာ ​ရောက်​ရှိလာ​နေသည်​မို့ သူမ ရဲ့ ဖုန်း​လေးကို ရှာ​ပေးသည့်​ ကယ်​တင်​ရှင်​ ကို ​ကျေးဇူးတင်​စကားဆိုရန်​ ကြည့်​လိုက်​​တော့ ထိုလူ က လီဆာ ဖြစ်​​နေ​လေသည်​။

သူမ လီဆာ့ ကို မြင်​လိုက်​ရမှ သူမ ဖုန်း​က​လေး မှာလီဆာ့ ထံတွင်​ ကျန်​ခဲ့​ကြောင်း ကို သတိရသွား​လေ​တော့သည်​။ထိုစဉ်​ သူမ တို့ နားကို ချယ်​​ယောင်း က အ​လောတကြီး​ရောက်​လာကာ.....

"​ဟေ့ နီနီ....နင့်​ ဖုန်း က ဘယ်​လိုလုပ်​ သူ့ လက်​ထဲ ကို ​ရောက်​​နေရတာလဲ..!"

"ငါ ဆိုင်​မှာ ကျန်​ခဲ့လို့ ယူလာ​ပေးတာ​လေ...."

"​​သြော်​..."

ထို့​နောက်​ ချယ်​​ယောင်း က ဂျင်းနီ ရဲ့ ဖုန်းကို ယူသွားလိုက်​ကာ ဧည့်​ခန်းထဲရှိ ဆိုဖာ ​ပေါ်တွင်​ ထိုင်​​နေလိုက်​​လေသည်​။

"What the hell!!!......ဒါက ဘယ်​လိုဖြစ်​တာလဲ.....!!!"

ချယ်​​ယောင်း ရဲ့ ကျယ်​​လောင်​လှ​သော ​အော်​သံ​ကြောင့်​ ဂျင်းနီ ချယ်​​ယောင်း ရဲ့ အနားကို သွားလိုက်​​သော်​လည်း သူမ မြင်​​တွေ့လိုက်​ရတဲ့ မြင်​ကွင်း​ကြောင့်​ ချက်​ချင်းပင်​ ​မြောက်​၀င်​ရိုးစွန်းတန်းကို ​ရောက်​သွားသလို ခံစားလိုက်​ရ​လေသည်​။

SHE (completed)Where stories live. Discover now