Zawgyi
ဤသို့ဖြင့် သူမ တို့တစ်စု လျှောက်လည်လို့ ၀,ကာ ထိုပန်းခြံထဲမှ ပြန်သွားကြပြီးနောက် တစ်ယောက်နဲ့ နှုတ်ဆက်ကာ မိမိ အိမ် ကို မိမိ အိမ်ပြန်သွားကြလေသည်။
လီဆာ ကတော့ ဂျင်းနီ တို့နှင့် ပြန်မလိုက်ခဲ့သေးဘဲ တစ်နေရာရာ ကို ထွက်သွားလေသည်။
ည 11 ထိုးသည်အထိ လီဆာ က သူမ တို့ တိုက်ခန်းလေးထဲကို ပြန်မလာသေးသဖြင့် ဂျင်းနီ တစ်ယောက့ လီဆာ့ အား စိတ်ပူနေလေသည်။
ဖုန်းလှမ်းဆက်ချင်ပေမယ့်လည်း နေ့ခင်းတုန်းက ကိစ္စကြောင့် ချီတုံချတုံဖြစ်နေလေသည်။
...........
ကျောင်းဖွင့်သည့် ရက် ရောက်သည့်တိုင် လီဆာ ကတော့ တိုက်ခန်းကို ပြန်လာခြင်း မရှိသဖြင့် ဂျင်းနီ တစ်ယောက် လီဆာ က သူမ ကို စိတ်ဆိုးသွားပြီ ဟု ထင်သွားလေတော့သည်။
ဂျင်းနီ ကျောင်းကိုရောက်တော့ ပထမဆုံးလိုက်ရှာနေသည်က လီဆာ့ ကိုပင်။
"ဟဲ့ နီနီ ရှေ့ကြည့်လျှောက်လေ ဘယ်တွေ လျှောက်ကြည့်နေတာလဲ....!"
သူမ လီဆာ့ ကို အရှာလွန်းနေ၍ ဘေးက ချယ်ယောင်း ကပင် သူမ ကို သတိပေးနေရလေသည်။
သို့သော်လည်း ဂျင်းနီ လီဆာ့ ကို တစ်နေ့လုံး ဘယ်မှာမှ ရှာမတွေ့ချေ။
ဂျီဆူ့ ကို မသိမသာလေး မေးကြည့်လိုက်သော်လည်း ရေရာသေချာသော သတင်းတစ်ခုမှ ရှာမတွေ့ခဲ့ချေ။
ဒီလိုနဲ့ ကျောင်းဖွင့်ရက် ရဲ့ နောက်ဆုံးနေ့ရက်ကို ရောက်လာခဲ့လေသည်။
လီဆာ ကတော့ တိုက်ခန်း ကိုလည်းပြန်မလာခဲ့သလို ကျောင်းမှာလည်း အရိပ်အယောင်ပင် မတွေ့ရချေ။"ဟေး.....နီနီ....!!"
ဂျင်းနီ,သူမ ရဲ့ နာမည်ကို ခေါ်သံကြားလိုက်သဖြင့် နောက်ကို လှည့်ကြည့်လိုက်တော့ အတော်အတန်ပျောက်နေခဲ့သည့် ဆူဂျင်း ပင်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...