47

409 41 11
                                    

Zawgyi

လေးနှစ်​ခန့်​ကြာ​သော်​.....

ထွေပြားလှ​သော လူအုပ်​များကြားထဲတွင်​ all black ၀တ်​ဆင်​ထား​သော လူတစ်​​ယောက်​က ခရီး​ဆောင်​ အိတ်​အား ဆွဲကာ ​လျှောက်​လှမ်းလာ​လေသည်​။

ထို​ချော​မောလှ​သော လူ ရဲ့ ဦးတည်​ရာက​တော့ ​လေဆိပ်​အနီးရှိ ခုံ​လေး​ပေါ်တွင်​ လက်​ပိုက်​ကာ ထိုင်​​နေ​သော အဖြူ​ရောင်​ အရိပ်​​လေးဆီသို့ပင်​။

"​စောင့်​ရတာ ကြာသွားပြီလား bae"

ထိုလူက ပျားရည်​ကဲ့သို့ချိုသာ​သော အသံဖြင့်​ အနှီအရိပ်​က​လေးအား ​မေးလိုက်​​တော့ ထိုအရိပ်​က​လေးက ထိုသူအား မျက်​​စောင်းလှလှ​လေးတစ်​ခု လက်​​ဆောင်​​ပေးလိုက်​​လေသည်​။

ခရီး​ရောက်​မဆိုက်​ ချစ်​ရသူ​လေးထံမှ ထိုကဲ့သို့လက်​​ဆောင်​​လေးကိုရလိုက်​​​သော ထိုလူရဲ့ ရင်​ထဲတွင်​​တော့ လိပ်​ပြာ​လေး​တွေဖြတ်​ပျံသွား​လေ​တော့သည်​။

အဲလိုပဲ သူ့ရဲ့ ချစ်​ရသူ​လေးက သူ့ ကို အရမ်းပြုစားနိုင်​တာ.....

"ဒီတစ်​ခါ အလုပ်​က ဘယ်​လိုမှ ဖြတ်​မရလို့ပါ bae ရဲ့..."

"....."

"ကဲ ကိုယ်​ bae ကို ​ရေခဲမုန့်​လိုက်​​ကျွေးမယ်​..."

ထိုကဲ့သို့​ပြောလိုက်​​တော့ ချစ်​ရသူ​လေးရဲ့ ​ရွှေမျက်​နှာ​လေးမှာ ၀င်းဝသွား​လေ​တော့သည်​။

...........

နို့စ​တော်​ဘယ်​ရီ အရသာ ​ရေခဲမုန့်​က​လေးအား အားရပါးရ စား​နေ​သော ချစ်​ရသူ​လေးကို ကြည့်​ကာ အိုဂျီဟွန်း တစ်​​ယောက်​ ​ပျော်​ရွှင်​​နေ​လေသည်​။

ဒီ​ကောင်​မ​လေး ကို ပိုင်​ဆိုင်​ရတာ သူ့အတွက်​​တော့ ဘုရား​ပေးတဲ့ ဆုလာဘ်က​လေး ကဲ့သို့ပင်​.....

"ကိုကို တို့က ဒီ​ရောက်​​နေကြတာလား...."

အသံကြားရာကို လှည့်​ကြည့်​လိုက်​​တော့ မမြင်​ချင်​ဆုံး မျက်​နှာလည်းဖြစ်​ပြီး ​ကျေးဇူးတရားတစ်​ချို့လည်း ရှိ​နေသည်​မို့ ၀တ်​​ကျေတန်း​ကျေ ပြုံးပြလိုက်​​လေသည်​။

SHE (completed)Where stories live. Discover now