Zawgyi
ကျောင်းနှင့် မနီးမဝေးတွင်ရှိသော ဆိုင်ငယ်လေးတစ်ဆိုင် ရဲ့ စားပွဲပေါ်တွင်တော့ လူမသိသူမသိ မှောက်နေကာ စကားတွေကို ပါးစပ် နှင့် အပြည့် ဗလုံးဗထွေး ပြောနေသော ကောင်မလေးတစ်ယောက်ရှိနေလေသည်။
"အဒေါ်ကြီး နောက်တစ်ပုလင်း!"
ထိုကောင်မလေးမှာ စားပွဲပေါ်တွင်မှောက်နေရင်းပင် သူမ တို့ စားပွဲပေါ်တွင် မြောက်များစွာကျန်ရှိနေသေးသော ဆိုဂျူပင်ပုလင်းများ ကို မသိကျေးကျွန်ပြုကာ နောက်တစ်ပုလင်း ကို လက်ကလေးထောင်ကာ ထပ် မှာလိုက်လေတော့သည်။
"အဒေါ် မယူတော့ဘူးနော်..."
"နင်က...ဘာမလို့...အေ့....ငါ မှာတာကို cancel လုပ်ရတာလဲ အေ့.....အဒေါ်ကြီး သူ ပြောတာ မယုံနဲ့ နောက်တစ်ပုလင်း အေ့...."
အရက်ရှိန်တက်နေရင်း ခေါင်းကို မနိုင်တစ်နိုင်ဖြင့်ထောင်နေကာ ပြန်ရန်တွေ့လာသော ဂျင်းနီ ကြောင့် လီဆာ ပြုံးလိုက်မိလေသည်။
စီနီယာ တွေနှင့် စားပွဲပြီးသွားတော့ သူမ တို့ ငါးယောက်ထဲမှ ကျန်လေးယောက်က ဒီဆိုင်လေးကို လာကာ ဆိုဂျူ သောက်ကြမည် ဟူ၍ တိုင်ပင်နေကြသဖြင့် လီဆာ က တားလိုက်သော်လည်း သူမ ရဲ့ စကားကို မြေ၀ယ်မကျ နားထောင်တတ်သော ဂျင်းနီ က ထိပ်ဆုံးမှ နေကာ ဆိုင်လေးထဲ သို့ ၀င်သွားပြီး ဆိုဂျူ တွေ တစ်ခွက်ပြီးတစ်ခွက် မနားတမ်း သောက်နေသည်မှာ ယခု ပုံစံရောက်သို့ ရောက်ရှိသွားသည်အထိပင်ဖြစ်လေသည်။
ထိုစဉ် ချယ်ယောင်း က အပြင်သို့ သွားအန်နေရာမှ ပြန်လာကာ စောနက ဂျင်းနီ မှာထားသော ဆိုဂျူ ကို သောက်နေလေသည်။
"ရား......အရသာရှိလိုက်တာ.......နီနီ နင် က မသောက်တော့ဘူးမလား...??"÷
ချယ်ယောင်း ရဲ့ စကားကြောင့် စားပွဲပေါ်တွင် မှောက်အိပ်နေသော ဂျင်းနီ မှာ ခေါင်းပြန်ထောင်လာကာ ချယ်ယောင်း ငဲ့ထားသော ဆိုဂျူ ခွက် ကို ဆွဲယူလိုက်လေသည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...