27

365 47 0
                                    

Zawgyi

လီဆာ တစ်​​ယောက်​ ​ကော်​ဖီ အရှိန်​​ကြောင့်​ တစ်​ညလုံးအိပ်​မ​ပျော်​ဘဲ အိပ်​ရာ ​ပေါ်တွင်​ လူးလွန့်​ ​နေ​လေသည်​။ထိုစဉ်​ ​ဘေးနား က ဖုန်းကို ​ကောက်
ကြည့်​လိုက်​​တော့ 2 am ​တောင်​ရှိ​နေပြီ ဖြစ်​သဖြင့်​ အိပ်​မရမယ့်​​ အတူတူ လိုင်းဖွင့်​ကာ ​ကျောင်းစာအတွက်​​ လိုအပ်​သည်​ကိုများ ​လေ့လာ​နေလိုက်​​တော့သည်​။
ကော်​ဖီ ရဲ့ ​​ကျေးဇူးတရားကြီးမားပုံ​က လီဆာ တစ်​ယောက်​ ကုတင်​​ပေါ်တွင်​ စာလုပ်​​နေခြင်းမှ တစ်​ဆင့်​ စာကြည့်​စားပွဲသို့ ကူး​ပြောင်းရသည်​အထိပင်​ ဖြစ်​သွား​လေသည်​။

စာ​လေ့လာ​နေသည်​မှာ အနည်းငယ်​ကြာသွားပြီဖြစ်​သည်​မို့ ​ခေါင်း​ဆေးရန်​အတွက်​ သူမ ရဲ့ ပုံဆွဲ​စာအုပ်​က​လေးကို ဆွဲယူလိုက်​ကာ ​ခေါင်းထဲ ​ပေါ်လာသမျှ ကို ချ​ရေး​နေလိုက်​​တော့သည်​။
သူမ ပုံဆွဲသည်​မှာ ဈာန်​​တော်​​တော်​ပါသွားသည်​ ထင်​သည်​။သူမ အခုဆွဲထား​သော ပုံမှာ ​တော်​​တော်​​လေးပင်​အသက်​၀င်​​နေကာ ​တော်​​တော်​လည်း ချစ်​ဖို့​ကောင်း​နေသည်​​လေသည်​။
ကော်​ဖီ ရဲ့ အရှိန်​ ​ကြောင့်​ ​မိုးလင်းခါနီး မှ အိပ်​​ပျော်​သွား​သည်​မို့ ​လီဆာ လည်း နိုးလာ​တော့ တိုက်​ခန်းတစ်​ခုလုံးတွင်​ ဂျီဆူ ကလွဲပြီး ကြွက်​တစ်​​ကောင်​ ​ကြောင်​တစ်​မြီး မှ မ​တွေ့​ချေ။

...........

တိုက်​ခန်း တစ်​ခုလုံးကို ကျီးကန်း​တောင်း​မှောက်​ လိုက်​ကြည့်​​နေ​​သော လီဆာ့ အား ဂျီဆူ မြင်​​သော်​လည်​ သူမ ကို ဘာဆိုဘာမှ ​မေးမလာသည်​မို့ လီဆာ့ ကို ဒီတိုင်းလွှတ်​ထားလိုက်​​ကာ ​​နေ့လည်​စာ အတွက်​ ပြင်​ဆင်​​နေ​တော့သည်​။

ဂျီဆူ ​နေ့လည်​စာ အတွက်​ ပြင်​ဆင်​​နေစဉ်​ သူမ ရဲ့ အနားကိုလာပြီး ရစ်​သီရစ်​သီ လာလာလုပ်​​နေ​သော လီဆာ့ ​ကြောင့်​ သူမ ကိုယ်​တိုင်​ပင်​ မ​နေနိုင်​မထိုင်​ဖြစ်​သွားကာ လီဆာ အား ထိုကဲ့သို့ ဖြစ်​​နေရသည့်​ အ​ကြောင်းအရင်း ကို ​မေးလိုက်​​လေ​တော့သည်​။

"ကဲ...ဆို ဘာသိချင်​​နေတာလဲ.....နီနီ တို့ ဆိုရင်​​တော့ အပြင်​ခဏ ထွက်​သွားတယ်​"

SHE (completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ