Zawgyi
Waiter လေး က သူမ မှာ,သမျှ ကို စာရင်းမှတ်ကာ ပြန်ထွက်သွားသော်လည်း သူမ တို့ နှစ်ယောက်ကြားတွင်တော့ တိတ်ဆိတ်မှုများသာ ကြီးစိုးနေလေတော့သည်။ဤသို့ဖြင့် မှာထားသော စားစရာတွေရောက်လာတော့ ဂျင်းနီ ထိုစားစရာများ ကို တို့ထိတို့ထိ လုပ်နေရင်း သူမ ရှေ့ က လီဆာ့ ကို ခိုးခိုးကြည့်နေကာ 'ဘယ်လိုစကားပြန်စရရင် ကောင်းမလဲ´ ဟု စဉ်းစားနေလေတော့သည်။
သူမ ရှေ့က လီဆာ ကတော့ ကော်ဖီ တစ်ခွက်ကို ဟန်ပါပါသောက်နေကာ ဆိုင်အပြင်ဘက် ကိုပဲ ကြည့်နေသည်မို့ ဂျင်းနီ တစ်ယောက် လီဆာ့ အား လွတ်လွတ်လပ်လပ် ငေးချင်တိုင်း ငေးလို့ရနေလေသည်။
ထို့နောက် စိတ်ထဲတွင် ဆူဂျင်း နဲ့ အကြောင်း ကို ပြန်တွေးမိသွားဖြင့် ဒေါသတွေက လည်း ထွက်လာသည်မို့ စားပွဲပေါ်က မှာထားသော ကိတ်မုန့်တစ်ချို့ကို ဒေါသတွေပုံချလိုက်လေတော့သည်။
ဂျင်းနီ ကိတ်မုန့်လေးတွေ ကို ခက်ရင်းဖြင့် ထိုးသတ်နေတုန်း လီဆာ က သူမ ကို စကား ဆိုလာလေသည်။
"ဘာကိစ္စနဲ့ တွေ့ချင်တာလဲ....အဆောင်ပြောင်းသွားတဲ့ ကိစ္စဆိုရင်တော့......"
"မဟုတ်ဘူး ငါ သိချင်တာက.......နင် ဘာလို့ အဲနေ့ က ငါ့ ကို အဲလိုစကားမျိုး လာပြောတာလဲဆိုတာ..."
"နင် ပဲ မကြားသလိုနေလိုက်တော့မယ်ဆို......."
"ဒါပေမယ့်.....ငါ အခုသိချင်လာလို့လေ.....နင် နဲ့ ဆူဂျင်း နဲ့ က...."
သူမ စကားပြောနေရင်း လီဆာ ရဲ့ ဖုန်းဝင်လာသဖြင့် ဂျင်းနီ စကားကို ခဏ ရပ်ထားလိုက်လေတော့သည်။
"အင်း....ဆူဂျင်း ပြော..."
".........."
"အင်း.....လာခဲ့မယ် လေ.....အင်း....အဲဆို ဒါပဲနော်"
လီဆာ က ဆူဂျင်း ထံမှ ဖုန်း ကို လက်ခံ စကားပြောပြီးနောက် တွင် ဂျင်းနီ ကို ကြည့်လိုက်တော့ သူမ ကို ပြုံးကာ ကြည့်နေသည်မို့....
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...