Zawgyi
ဂျင်းနီ က လီဆာ ပို့ပေးသော 'အခုထိ မမှတ်မိသေးဘူးလား´ ဆိုတဲ့ စာကို မြင်လိုက်ပြီး 'ငါ အခု အဲတာ ကို စဉ်းစားနေတာလေ´ ဟု တိုးတိုး ရေရွတ်လိုက်ကာ ဖုန်း ကို နဂိုနေရာသို့ ပြန်ထားလိုက်လေသည်။
ထိုစဉ် သူမ ရဲ့ ခေါင်းထဲတွင် တစ်စုံတစ်ရာက တိုးဝင်လာပြီး ဖျတ်ခနဲ ဖြင့် ဥာဏ်အလင်းပွင့်သွားကာ ထိုနေ့ည က အဖြစ်အပျက်တွေ အကုန်လုံး ရုပ်ရှင်တစ်ခုသဖွယ် မျက်လုံးထဲတွင် ပေါ်လာလေတော့သည်။
ထို့နောက် ယင်ကောင်ပင် ၀င်,ဥ သွားနိုင်သည့် သူမ ရဲ့ ပါးစပ်ကလေး ကို လက်ဖြင့် အမြန်အုပ်လိုက်ကာ...
"မဖြစ်နိုင်တာ!!!"
ဟု ကျယ်လောင် စွာ ပြောမိသွားလေတော့သည်။
ထိုစဉ် whiteboard တွင် စာရေးနေသော တီချယ် က သူမ ကို မျက်မှန်ကလေး တပင့်ပင့်ဖြင့်ကြည့်လာကာ....
"တီချယ် ရေးတာ ဘယ်နားက မှားနေလို့လဲ?"
"အဲ ဟိုလေ တီချယ် ဟို....ရှေ့နား ကလား မသိဘူး...."
ဂျင်းနီ ပါးစပ်ထဲရှိရာပြောလိုက်တော်လည်း တီချယ် က သူမ ကို အထင်ကြီးသွားသော မျက်လုံးများဖြင့် ကြည့်လာကာ...
"တီချယ် တောင် သတိမထားမိဘူးပဲ.....သမီး နာမည် ဘယ်လိုခေါ်လဲ?"
"ဂျင်းနီ.....ဂျင်းနီကင် ပါ တီချယ်..."
"အင်း...အင်း....တော်တယ် တော်တယ်"
တီချယ် က ခေါင်းလေး တငြိမ့်ငြိမ့်ဖြင့် whiteboard ဘက်သို့ ပြန်လှည့်သွားကာ သူ့ စာ ကို သူ ဆက်ရေးနေလေသည်။
ထိုစဉ် ချယ်ယောင်း က သူမ နားသို့တစ်ဖန်ပြန်ကပ်လာကာ....
"ငါ့ ကိုတောင်မပြောပြဘူးနော် ဟင့်..."
ဟူသော စကား ကို ပြောသွားပြီး နှုတ်ခမ်းကြီးစူ နေသည်မို့ ချယ်ယောင်း က သူမ အား စိတ်ဆိုးသွားပြီဆိုတာ သိသော်လည်း ဒီကိစ္စက ဘယ်လိုမှ ရှင်းပြလို့ မရသောကြောင့် ဒီတိုင်းပဲ စိတ်ဆိုးခံလိုက်လေတော့သည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...