Zawgyi
"ပတ်ချယ်ယောင်း!!"
"ရှင်!!!"
"ဟင်း...ဟင်း..."
ထိုဖြစ်စဉ်မှာ စာသင်ချိန်တွင် သေမတတ်ငိုက်နေသော ချယ်ယောင်း အား တီချယ် က မျက်နှာထားဖြင့် အနည်းငယ် သတိပေးနေခြင်းဖြစ်လေသည်။
ထို့နောက် တီချယ် က ရှေ့သို့ ပြန်လှည့်သွားကာ သူ့ စာ ကို သူ ဆက်သင်နေလေသည်။ယခုအချိန်က colors တွေအကြောင်းကို သင်နေတာဖြစ်ပြီး ထိုအကြောင်းတွေက နဂို အိပ်ရေးပျက်နေသော ချယ်ယောင်း အဖို့ သားချော့တေးလေး သဖွယ်ဖြစ်နေလေသည်။
သို့သော် သူမ အဆူခံလိုက်ရပြီးနောက်တွင်တော့ သူမ ရဲ့ ပေါင်လေးကို နာနေအောင် ဆွဲဆိတ်လိုက်ပြီး မျက်လုံးကြီးကိုပြူးလိုက်ကာ တီချယ် သင်နေသမျှကို တစ်လုံးမကျန် နားစိုက်ထောင်နေလေတော့သည်။
ယနေ့ တွင် ဂျင်းနီ က ဌာနမှူး ခိုင်းထားသည်မို့ အတန်းတွင် ရှိမနေသောကြောင့် ချယ်ယောင်း အဖို့ စာသင်ချိန်တစ်ချိန်မှာ တစ်ကမ္ဘာမျှ ကြာမြင့်သည် ဟု ခံစားနေရလေသည်။
ချယ်ယောင်း တစ်ယောက် အတန်းချိန်ပြီးသွားတော့ သူမ သွားနေကျနေရာဖြစ်သော ကန်တင်း သို့သွားကာ ဂျင်းနီ အားထိုင်စောင့်နေလိုက်လေသည်။
ချယ်ယောင်း milk tea တစ်ခွက်ကို သောက်နေရင်း ဖုန်းကြည့်နေစဉ် သူမ ရဲ့ ထိုင်ခုံရှေ့တွင် လူတစ်ယောက် လာထိုင်နေသည်မို့ ထိုလူကို ကြည့်လိုက်တော့ လီဆာ ပင်။
လီဆာ က သူမ ထိုင်နေသော ၀ိုင်း,ကို ခွင့်မတောင်း ဘာမတောင်းဖြင့် လာထိုင်နေသည်မို့ ချယ်ယောင်း မျက်မှောင်ကျုံ့သွားလေတော့သည်။
"အဟမ်း......အဟမ်း......"
ချယ်ယောင်း က လီဆာ့ အား ချောင်းဟန့် ကာ သတိပေးနေသော်လည်း လီဆာ က တော့ သူမ ကို ဂရုမစိုက်စွာ ဖုန်းကိုပဲ ကြည့်နေလေသည်။ထို့ကြောင့် ချယ်ယောင်း တစ်စုံတစ်ယောက် ကို ဖုန်းဆက်ခေါ်လိုက်လေတော့သည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...