Zawgyi
မနက်ခင်းရဲ့ နူးညံ့နွေးထွေးသောနေရောင်ခြည်စလေးက ပြတင်းပေါက်မှ တစ်ဆင့်ဖြတ်သန်းလာပြီးနောက်တွင် အိပ်ပျော်နေသော မိန်းမပျိုလေးတစ်ယောက်ပေါ်သို့ နူးညံ့စွာ ဆင်းသက်ခစားနေလေသည်။
နေရောင်ခြည်စလေးရဲ့ စူးရှလှသောအလင်းတစ်ချို့ကြောင့် ထိုမိန်းမပျိုကလေး မှာ အိပ်နေရာမှ နိုးထလာခဲ့လေသည်။မျက်နှာထက်သို့ကျရောက်လာသော နေရောင်ခြည်စလေးတစ်ချို့ကြောင့် ဂျင်းနီ နိုးထလာခဲ့သော်လည်း သူမ ရဲ့ အခန်းထဲတွင် ထူးဆန်းသော အနံ့အသက်တစ်ခုရနေသည်မို့ အိပ်နေရာမှ ကုန်းရုန်းကာထလိုက်တော့ သူမ ၏ မှန်တင်ခုံ ရဲ့ ရှေ့တွင် အေးဆေးစွာထိုင်နေပြီး ရေစိုနေသော ဆံပင်အား dryer ဖြင့်မှုတ်နေသော လီဆာ့ ကို တွေ့လိုက်လေသည်။
ထို့နောက် သူမ တစ်ခုခု ကို စဉ်းစားမိသွားသဖြင့် ရေချိုးခန်းထဲသို့ အပြေးတကော ၀င်သွားလေသည်။
"ကုန်ပါပြီ ကုန်ပါပြီ ငါ့ ဟာလေးတွေ.....ရား!!!......လီဆာ နင် ကတော့!!!"
ဂျင်းနီ တစ်လောကမှ ၀ယ်ထားသော အသစ်စက်စက် shampoo လေးကို လီဆာ က ခွင့်မတောင်းဘဲ သုံးလိုက်ခြင်းကြောင့် သူမ ထို shampoo ဗူးလေးကိုကိုင်ကာ လီဆာ ရှိရာ မှန်တင်ခုံ နားသို့ ဒေါသ တကြီးဖြင့် သွားလိုက်လေသည်။
"နင် ဒါ ဘာလုပ်လိုက်တာလဲ!!"
"သုံးလိုက်တာလေ...ဘာဖြစ်လို့လဲ??"
"ဒါလေး တစ်ခု ရဖို့အတွက်နဲ့ ငါ ဘယ်လောက်ထိတောင် ကြိုးစားခဲ့ရလဲဆိုတာ နင်သိလား!!"
"မသိဘူးလေ??"
သူမ ရဲ့ ကြိုးစားမှုတွေ ကို အသိအမှတ်ပြုခြင်းမရှိသော လီဆာ ကြောင့် ဒေါသ က ငယ်ထိပ်ထိစောင့်တက်လာလေသည်။သူမ ၀ယ်ခဲ့သည့် ထို shampoo လေး မှာ လူတော်တော်များများရဲ့ အကြိုက်ထဲတွင်ပါဝင်နေပြီး ဆိုင်တွင်လည်း တင်လိုက်သည်နှင့် တန်းကုန်သည့်စာရင်း တွင်ပါသည်မို့ ထို shampoo ရောက်လာမည့် ရက်ကို ဆိုင်က ၀န်ထမ်းလေးအား မရမက မေးမြန်းကာ စောင့်ဆိုင်းပြီး ၀ယ်ခဲ့ရခြင်းဖြစ်လေသည်။ထို shampoo လေး မှာ strawberry နံ့လေးလည်း သင်းနေသဖြင့် လူတော်တော်များများကြိုက်ကြသည်မှာတော့ သိပ်မထူးဆန်းလှပေ။
ဂျင်းနီ သူမ ရဲ့ နှာဖျားလေးအား လာရောက်ကျီစားနေသော သူမ shampoo ရဲ့ အငွေ့အသက်လေးတွေကို ရတိုင်း ဒေါသတွေက တစ်ဆင့် ထက်တစ်ဆင့်မြင့်တက်နေပြီဖြစ်လေသည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...