Zawgyi
ထို့နောက် ပွဲကြည့်နေကြသော လူများမှာ ထိုအသံထွက်ပေါ်လာရာကို ပြိုင်တူလှည့်ကြည့်လိုက်ကြတော့ တစ်ကျောင်းလုံးတွင် ရွှေအိုရောင်ဆံပင်တွေကိုပိုင်ဆိုင်ထားတဲ့ တစ်ဦးတည်းသော အလှနတ်ဘုရားမ ပတ်ချယ်ယောင်း ဖြစ်နေလေသည်။
ထို ပတ်ချယ်ယောင်း မှာ ရွှေအိုရောင်ဆံနွယ်တွေကို ကျောပြင်ထက်သို့ဖြန့်ချထားပြီး ကျောင်းလွယ်အိတ်ကို ဘယ်ဘက်ပုခုံးထက်တွင် လက်တစ်ဖက်ဖြင့်လွယ်ထားကာ ဂျင်းနီ နားသို့ ဟန်ပါပါ တစ်လှမ်းချင်းလျှောက်သွားလေတော့သည်။
ထို့နောက် ဂျင်းနီ ရဲ့ ပုခုံး ပေါ်တွင် လက်တင်လိုက်ကာ
"နီနီ နင် က အရင်အလျော့ပေးဖို့ လုပ်နေတာလား?"
ချယ်ယောင်း စကားကြောင့် ဂျင်းနီ ခြေလှမ်းရန်ပြင်နေရာမှ ရပ်လိုက်ပြီး ချယ်ယောင်း ဘက်ကို လှည့်လိုက်ကာ
"ဒါက နည်းဗျူဟာ တစ်ခုလေ"
"အိုး.....ငါ ဖျက်လိုက်မိတယ် လို့တော့မပြောနဲ့နော်!"
ဂျီဆူ သူမ ရှေ့က သုံးယောက်ကို ကြည့်ပြီး သက်ပြင်းချမိလိုက်လေသည်။
ဒီနည်းအတိုင်းဆို တစ်နေ့လုံးကုန်သွားရင်တောင် တစ်ယောက်မျှ နေရာမှ ရွေ့ကြမည့်ပုံမပေါ်ပေ။...........
သူမ တို့အကြောင်းပြောရမည်ဆို ဟိုးအရင် မူလတန်း ဘ၀ကိုပြန်သွားရပေလိမ့်မည်။
သူမရယ် ဂျင်းနီ ရယ် လီဆာ ရယ်က ငယ်သူငယ်ချင်းတွေဖြစ်ရုံသာမက အိမ်တွေကလည်း ခြံချင်းကပ်ရပ်ဖြစ်နေကြ
ကာမိဘတွေကလည်း အလွန်ပင်ရင်းနှီးလေသည်။
ဂျင်းနီ နဲ့ လီဆာ တို့အိမ်က ဘေးချင်းကပ်လျက်ဖြစ်ပြီး သူမ အိမ်က တော့ လီဆာ့ အိမ်နှင့် မျက်နှာချင်းဆိုင်တွင်ဖြစ်ပြီး သူမ တို့ အိမ်တွေရဲ့ကြားမှာတော့ ကားလမ်းသာ ခြားထားလေသည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...