30

388 50 4
                                    

Zawgyi

သူမ တို့ ကစားကွင်းထဲတွင်​ လည်​ကြ ပတ်​ကြ စားကြ ​သောက်​ကြ နှင့်​ လုပ်​​နေကြသည်​မှာ ည​နေ​စောင်းသည်​ အထိပင်​။ည​နေ​စောင်း​တော့ အသီးသီး အိမ်​ပြန်​ကြရန်​ အတွက်​ အသီးသီးလမ်းခွဲသွားကြ​သော်​လည်း ဆူဂျင်း က​တော့ သူမ တို့နှင့်​ ပါလာပြန်​​သေး​လေသည်​။သူမ ​ပြောသည်​ က မနက်​ဖြန်​ သူမ တို့နှင့်​ ​ကျောင်းအတူတူ သွားချင်​လို့ ဟူ၍ပင်​။

သူမ တို့တစ်​စု တိုက်​ခန်းကိုပြန်​​ရောက်​​တော့ လူ​ပန်းစိတ်​ပန်း ဖြစ်​​နေသည်​မို့ ​ရေမိုးချိုးလိုက်​ကြ​လေသည်​။ထို့​နောက်​ ညစာ ကို အပြင်​က​နေပဲ မှာစားကြလိုက်​​တော့သည်​။
တစ်​​နေကုန်​​လျှောက်​လည်​ထားကြသဖြင့်​ ချယ်​​ယောင်း က​တော့ အ​စောကြီး အိပ်​​ပျော်​သွား​သော်​လည်း
ဂျင်းနီ က​တော့ ​ကော်​ဖီ ​သောက်မိသွားသဖြင့်​ အိပ်​မ​ပျော်​ဘဲ ရှိ​နေ​လေသည်​။

ထို့​ကြောင့်​ ဧည့်​ခန်း ထဲသို့ ထွက်​လာခဲ့လိုက်​ကာ TV ထိုင်​ကြည့်​​နေလိုက်​​လေသည်​။ထိုစဉ်​ ပြတင်း​ပေါက်​ကိုအကြည့်​​ရောက်​သွား​တော့ မိုးဖွားဖွား​လေး ကျ​နေသည်​မို့ TV ကို ပိတ်​လိုက်​ကာ ၀ရံတာ ကို ထွက်​ခဲ့လိုက်​​လေသည်​။ထို့​နောက်​ လက်​က​လေးကို ​ရှေ့သို့ဆန့်
တန်းလိုက်​ပြီး မိုးစက်​က​လေး​တွေအား လက်​က​လေးဖြင့်​ ခံယူ​နေလိုက်​​လေသည်​။

မိုးစက်​က​လေး​တွေက လက်​ဖ၀ါး​ပေါ်သို့ လာ​ရောက်​ထိ​တွေ့​နေပြီး ဂျင်းနီ ရဲ့ မျက်​နှာ​ပေါ်တွင်​လည်း အပြုံး​လေးများ​ပေါ်လာ​လေ​တော့သည်​။

"ဘယ်​အချိန်​အထိ ဖုံးထားမှာလဲ...ဟမ်​??"

ဧည့်​ခန်း ထဲမှ လာပုံရ​သော အသံတစ်​ခု​ကြောင့်​ ဂျင်းနီ ရဲ့ အ​တွေးစ တို့က ပြတ်​သွားကာ ထိုအသံကို ပဲ အာရုံစိုက်​​နေလိုက်​​တော့သည်​။

"ငါ လည်း ဖုံးမထားချင်​ပါဘူး"

"အဲတာဆို လည်း ဖွင့်​​ပြောပြလိုက်​​တော့​လေ......ငါ ဒီလိုကြီး​တော့ ဆက်​မ​နေချင်​​တော့ဘူး သူများ​တွေ အမြင်​မှာ ငါ က ဘယ်​လိုဖြစ်​​နေမယ်​ဆိုတာ​ရော နင်​ ​တွေးမိရဲ့လား....မနက်​ဖြန်​မှ နင်​မ​ပြောဘူးဆိုရင်​ ငါ နင့်​ ကို......!!"

SHE (completed)Where stories live. Discover now