Zawgyi
အန်နာ တစ်ယောက် တံခါးတစ်ခုရှေ့တွင်ရပ်နေကာ ၀င်သွားရမလား မ၀င်သွားရဘူးလားကို ဗျာများနေလေသည်။
မနေ့ကလို စကားတွေပြောလာမှာကို သူမ မလိုချင်သလို ပြောခဲ့သော ထိုစကားတွေကို မေ့ပစ်သွားမည်ကိုလည်း သူမ မလိုလားပေ။
"အထဲမ၀င်ဘဲ ဘာလုပ်နေတာလဲ....."
နောက်ဘက်မှ ထွက်ပေါ်လာသော အသံပိုင်ရှင်ကြောင့် သူမ ရဲ့ ထိတ်လန့်သွားလေတော့သည်။
"သင်တန်းက ထွက်မယ်ဆို လျော်ကြေးပေးရမှာနော်..."
သူမ ရဲ့ ခေါင်းကို ပုတ်ပြီး အခန်းထဲ ၀င်သွားသောထိုလူကြောင့် သူမ ထိုနေရာတွင်ပဲ တောင့်တောင့်လေးရပ်ကျန်နေခဲ့လေသည်။
လျော်ကြေး..???...ဘာတွေလာပြောနေတာလဲ...!!
...........
"သင်တာကို စိတ်မပါဘူးလား...?"
"........"
"ဒါဆို ကိုယ် တို့ တစ်ခုခုလုပ်ကြမလား..."
"ဟမ်..??"
"စိတ်လှုပ်ရှားစရာ တစ်ခုခုလေ...."
သူမ ရဲ့ မျက်နှာရှေ့သို့ ရောက်ရှိလာသော ထိုမျက်နှာချောချောကြောင့် ရင်ခုန်သံတွေ ဗလောင်းဗလဲ ဖြစ်သွားလေသည်။
"ခွမ်း....!!!"
ရုတ်တရက်ထွက်ပေါ်လာသော အသံနောက်တွင်တော့ လူတစ်ယောက်ရဲ့ ခန္ဓာတွင် သွေးစတို့ ထွက်ပေါ်လာလေသည်။
"ဟင်...!!"
လီဆာ တစ်ယောက် လက်ဖမိုးမှ ထွက်လာသော သွေးစက်တို့ကိုကြည့်ရင်း မျက်မှောင်ကျုံ့လိုက်မိလေသည်။
ဒီကလေးမ အခုထိ လက်သံပြောင်တုန်း......
"ဟို....ဟို....အန်နာ တောင်းပန်ပါတယ်.....အဲလို မရည်ရွယ်..."
"......"
သူမ ရဲ့ စကားကိုတောင်ဆုံးအောင်နားမထောင်ဘဲ ခြေလှမ်းကျဲကြီးများဖြင့် အခန်းထဲမှ ထွက်သွားပြီဖြစ်သော ကျောပြင်ကလေးကို ကြည့်ကာ မျက်ဝန်းများတွင် ပုလဲဥတို့ ခိုအောင်းလာလေသည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...