Zawgyi
ဂျီဆူ့ ရဲ့ အိပ်ခန်းအတွင်းတွင်တော့ လက်နှစ်ဖက်ကို အပေါ်သို့မြှောက်ထားပြီး ဒူးထောက်နေရသော လူတစ်ယောက်ရှိနေလေသည်။
"ဂျီဆူ ငါ...."
"နားငြီးတယ်.....ဆက်လုပ်မှာလား အိမ်ပြန်မှာလား ကြိုက်တာရွေး!"
ချယ်ယောင်း ယခု စိတ်နှင့်ဆို ချက်ချင်းပင် ထပြန်ချင်သော်လည်း ဂျီဆူ့ ရဲ့ စာကြည့်စားပွဲပေါ်တွင်ရှိသော ကြက်ကြော် များကြောင့် ထပြန်ချင်စိတ်ကို ချိုးနှိမ်လိုက်ကာ ပါးစပ်ပိတ်ထားလိုက်လေတော့သည်။
ဆယ့်ငါးမိနစ်လောက် အပြစ်ပေးတာကို ခံရပြီးနောက်တွင်တော့ ချယ်ယောင်း စားချင်နေသော ကြက်ကြော်ကို စားခွင့် ရသွားပြီ ဖြစ်လေသည်။...........
ဖြစ်ပုံမှာ ချယ်ယောင်း က ဂျီဆူ့ ရဲ့ အိမ်ကိုလာပြီး ကြက်ကြော်တူတူမှာလိုက်ကြလေသည်။ကြက်ကြော် ရောက်လာတော့ ချယ်ယောင်း ကြော်ငြာ တစ်ခုကို သတိရသွားသဖြင့် ကြက်ကြော်တစ်ခု ကောက်ကိုင်လိုက်ကာ အနည်းငယ်သရုပ်ဆောင်လိုက်ခြင်းကြောင့် ဂျီဆူ ရဲ့ အမျက်ဒေါသကလေး မဆိုသလို ရှသွားကာ ယခုကဲ့သို့ ကလေးတစ်ယောက်သဖွယ် အပြစ်ပေးခံလိုက်ရခြင်းဖြစ်လေသည်။
သူမ လည်း အခုတစ်လောမှ ဂျီဆူ့ ကို ဘယ်လိုကြောက်လို့ကြောက်သွားမှန်း စဉ်းစား၍မရနိုင်အောင် ပင် ဖြစ်နေလေသည်။ဖြစ်နိုင်သည် က ဟိုအပင် ကိစ္စကြောင့် များလား.....
ချယ်ယောင်း ကြက်ကြော် ဖြင့် ဗိုက်ဖြည့်ပြီးနောက် သူမ ရဲ့ အိမ်ကို တန်းတန်းမတ်မတ်ပြန်သွားလေသည်။အိမ်ရောက်သည်နှင့် ရေခဲသေတ္တာ ကို ဖွင့်ပြီး ice-cream တစ်ခု ယူကာ ဧည့်ခန်းတွင် ဇိမ်ပြေနပြေ ထိုင်စားနေလိုက်လေသည်။
"ချယ်ယောင်း ရေ သမီး...ခေါက်ဆွဲပြုတ်ထားသေးလား!!"
မိခင် ရဲ့ အသံကြားမှ ပြုတ်ထားသော ခေါက်ဆွဲတွေ ကို သတိရသွားပြီး ကြည့်လက်စ သရဲကား ကို pause လုပ်လိုက်ကာ မီးဖိုချောင်ထဲ ကို ပြေးသွားလိုက်လေတော့သည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...