Zawgyi
ထိုပန်းခြံကြီး ရဲ့ တစ်ခြားတစ်ဘက်တွင်တော့ လှပသော ခရမ်းရောင်ပန်းလေးတွေရဲ့အလှကို ကြည့်နေသော ကောင်မလေးတစ်ယောက်ရှိနေလေသည်။
ထိုစဉ် ထိုကောင်မလေးရဲ့ အနားကို ၀က်ဝံ၀တ်စုံနှင့် လူတစ်ယောက်ရောက်လာလေသည်။
ထိုဝက်ဝံ ၀တ်စုံ ၀တ်ဆင်ထားတဲ့သူက သူမ အား နှင်းဆီနီနီ တစ်ပွင့်ပေးသွားကာ တစ်နေရာရာကို ညွှန်ပြသွားသည်မို့ သူမ လည်း ထိုနေရာကို ကြည့်လိုက်တော့ နောက်ထပ် နှင်းဆီနီနီ တစ်ပွင့်ဖြစ်နေလေသည်။
ဂျင်းနီ လည်း ထိုဝက်ဝံ ၀တ်စုံ ၀တ်ဆင်ထားသော လူထံမှ နှင်းဆီပွင့်လေးကို လက်ခံ ရယူလိုက်ပြီးနောက် နောက်ထပ်နှင်းဆီပွင့်လေးတည်ရှိနေသော နေရာသို့ သွားလိုက်လေသည်။
...........
ဤသို့ဖြင့် တစ်ပွင့်ပြီးတစ်ပွင့်စုသွားလိုက်သည်မှာ သူမ ရဲ့ လက်နှစ်ဖက်တွင်လည်း နှင်းဆီနီ တွေ ဖြင့် ပြည့်လုနီးနီး ဖြစ်နေလေပြီ ဖြစ်သည်။
ဂျင်းနီ က ခုံတန်းလေးပေါ်တွင် တင်ထားသော နှင်းဆီ တစ်ပွင့်ကို ကောက်ယူပြီးလိုက်တော့ နောက်ထပ်နှင်းဆီ ရှိမည့်နေရာကို လိုက်ရှာလိုက်လေသည်။
ထို့နောက် သူမ အတွက် နောက်ထပ် နှင်းဆီ လှလှ ကလေးမှာစိမ်းစိုနေသော ၀ါးပင်လေးများဖြင့်ပြည့်နှက်နေသော လျှောက်,လမ်းလေးတွင် လှပစွာ နေရာယူနေသည်မို့ သူမ ထိုနေရာသို့ လျှောက်လှမ်းလိုက်ကာ ထိုပန်းပွင့်လေးကို ကောက်ယူလိုက်လေသည်။
သူမ ရှေ့သို့ဆက်သွားလေလေ ၀ါးပင်တွေက ပိုပိုပြီးများလာလေလေဖြစ်ပြီး လေအဝှေ့ကြောင့် ၀ါးရွက်ကလေးများ တစ်ရွက် နှင့် တစ်ရွက် ပွတ်တိုက်မိသော အသံက သူမ ကို ခြောက်ခြားလာစေတော့သည်။
သူမ နှင်းဆီလေးတွေကို မြင်နေရသေးလို့သာ ရှေ့ကို ဆက်သွားနေပေမယ့် သူမ ရဲ့ စိတ်ထဲတွင် ပြောမပြတတ်သော အန္တရာယ် တစ်ခုခု ကြုံရတော့မည် ဟု ခံစားနေမိလေသည်။ထို့ကြောင့် စူးစမ်းပြီး ထိုပန်းတွေနောက် လိုက်ခဲ့မိသော သူမ ကိုယ် သူမ ပင် ရိုက်ချင်စိတ်တွေပေါ်ပေါက်လာလေသည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...