Zawgyi
နာရီလက်တံကလေးတွေက တရွေ့ရွေ့ ဖြင့်ကုန်ဆုံးသွားလိုက်သည်မှာ လီဆာ က သူမ ကို ချိန်းထားသော အချိန်ပင် ရောက်လုနီးနီး ဖြစ်နေလေပြီ ဖြစ်သည်။
ဂျင်းနီ ဧည့်ခန်း ထဲရှိ နံရံပေါ်မှ နာရီလေး ကို
ကြည့်ကာ သက်ပြင်းတွေ ခဏခဏ ချမိနေလေတော့သည်။ထိုစဉ် ဂျီဆူ က အတန်းချိန်ဆင်းပြီဖြစ်သဖြင့် တိုက်ခန်းထဲသို့ ၀င်လာလေသည်။
နောက်ပြီး လီဆာ က သူမ အား ချိန်းထားသော အချိန်ကိုလည်း ရောက်နေပြီဖြစ်သည်မို့ ဂျင်းနီ ထိုင်နေရာမှ ထ,ရပ်လိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်လေတော့သည်။ထို့နောက် လီဆာ ဘာပြောပြော အဆုံးထိ 'ဘူး' ခံ ငြင်းမည် ဟု စိတ်ပိုင်းဖြတ်လိုက်ကာ တိကျသေချာသော ခြေလှမ်းများဖြင့် သူမတို့ နှစ်ယောက် ချိန်းထားသော ကော်ဖီ ဆိုင်သို့ သွားလိုက်လေတော့သည်။
ဘေးက ထိုအဖြစ်ကို ကြည့်နေရတဲ့ သူတွေအဖို့တော့ ဂျင်းနီ ရဲ့ ပုံစံက စစ်တိုက်ထွက်တော့မည့် စစ်သည် တစ်ယောက်နှယ် ဖြစ်နေလေတော့သည်။
ဂျင်းနီ လီဆာ နှင့် ချိန်းထားသော ဆိုင်သို့ ရောက်တော့ လီဆာ က သူ ထိုင်နေကျ ထောင့်စွန်းက ၀ိုင်းလေးမှာပဲ ထိုင်နေသဖြင့် သူမ လည်း ထိုနေရာသို့ သတ္တိရှိရှိ သွားလိုက်လေသည်။
ဂျင်းနီ လီဆာ နှင့် မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ထိုင်လိုက်ပြီးသည့် နောက်တွင် လီဆာ့ အားပြုံးပြလိုက်လေသည်။
"ဘာကိစ္စ..??"
သူမရဲ့ မေးခွန်း ကို လီဆာ က ပြန်အဖြေမပေးဘဲ တစ်ခုခုကို စူးစမ်းနေသော မျက်လုံးများဖြင့်သာ ပြန်ကြည့်လာလေသည်။
လီဆာ က သူမ ကို ဘာမှ ပြန်မပြောဘဲ ကြည့်ပဲကြည့်နေသည်မို့ ဂျင်းနီ နေရခက်လာလေတော့သည်။
ထို့ကြောင့် ဂျင်းနီ စားပွဲပေါ်ရှိ ရေခွက်လေး ကို လှမ်းယူလိုက်ကာ သောက်လိုက်လေတော့သည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...