Zawgyi
နောက်တစ်နေ့ မနက်တွင်တော့ ဧည့်ခန်းထဲတွင် တစ်ယောက်ပေါ်တစ်ယောက် ခြေပစ်လက်ပစ် အိပ်နေကြသော လူများကို တွေ့နေရလေသည်။
ကံကောင်းထောက်မစွာဖြင့် ယနေ့ ကျောင်းပိတ်နေလေသည်။မဟုတ်လျှင် သူတို့ပုံစံက ကျောင်းမပြောနဲ့ အိမ်ပြန်သွားကြရင်တောင် ရိုက်ပေါက်ဖြစ်နေလေသည်။
နေမြင့်လာသည်နှင့်အမျှ တစ်စတစ်စ ဖြင့် တစ်ယောက်ပြီးတစ်ယောက် နိုးလာကြသော်လည်း သန့်စင်ခန်း ကို လုသုံးနေကြသည်မှာ မပြီးနိုင်မစီးနိုင်ပင်။
သူမ တို့ တိုက်ခန်းတွင် သန့်စင်ခန်း သုံးခု ရှိသော်လည်း လီဆာ က သူ့ အခန်းတံခါးကို ဖွင့်မပေးသည်မို့ ကျန်နှစ်ခုဖြင့်သာ လူအုပ်ကြီးတစ်ခုလုံးနှစ်ပါးသွားနေရလေသည်။
သူမ တို့အားလုံး ရဲ့ အန်ဖတ်တွေအားလုံးကို စုပေါင်းလိုက်လျှင် သူမ တို့ရဲ့ တိုက်ခန်းပင် ပြည့်လုနီးနီး ဖြစ်နိုင်လေသည်။
သို့သော်လည်း ဂျင်းနီ ကတော့ ကံကောင်းထောက်မစွာ အခုထိနိုးမလာသေးသဖြင့် တစ်ခြားသူများနှင့်အတူ သန့်စင်ခန်းကို မလုရသေးဘဲ အန်ဖတ်တိုက်ပွဲထဲလဲ မပါဝင်ရသေးပေ။
ထိုအခြေအနေက လွတ်မြောက်သူ ဂျီဆူ ကတော့ ထိုအန်ဖတ် လူသားများ စားသောက်ရန် အစားအစာများနှင့်တကွ အမူးပြေဟင်းရည် ကိုပါ လုပ်ပေးနေလေသည်။
"ရား!.....ဆောဂျီယောင်း နင် အခုထိမပြီးနိုင်သေးဘူးလား.....မသောက်နိုင်ဘူးဆိုလည်း အစကတည်းကမသောက်ဘဲနေလေ...!"
ချယ်ယောင်း ရဲ့ စကားကို ဂျီယောင်း က လည်း ပြန်လည်ပြောဆိုနေလေသည်။
"နင်လဲ အတူတူအနူနူ ပဲလေ.....အခုမှ လာပြီး တစ်ပန်း မသာချင်စမ်းနဲ့...!!!"
ထိုကဲ့သို့သော ဆူညံသံတွေကြောင့် အိပ်ပျော်နေသော ဂျင်းနီ နိုးလာခဲ့လေသည်။ဂျင်းနီ နိုးလာသည်ကို မြင်တော့ ဂျီဆူ က ဂျင်းနီ နားကို သွားလိုက်ကာ ဂျင်းနီ အား ဂရုစိုက်နေလေသည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...