SHE - 6
နောက်တစ်နေ့ နံနက်တွင်တော့ ဂျင်းနီ တစ်ယောက် သူမ ရဲ့ အကြံအစည်တွေနှင့်အတူ ပျော်ရွှင်စွာနိုးထလာခဲ့လေသည်။
ထို့နောက် ဒူး တွင် အနာရထားသည်မို့ ခြေအိတ်ရှည်ဝတ်မနေတော့ဘဲ ကျောင်းဝတ်စုံပေါ်တွင် လက်ရှည်ခပ်ပါးပါးလေးဝတ်ကာ ကျောင်းသို့သွားရန် အိမ်ရှေ့သို့ ထွက်လိုက်ကာ ကျန်သုံးယောက်ကိုစောင့်နေလိုက်လေသည်။
ခေါင်းလျှော်ထားသဖြင့် shampoo နံ့သင်းသင်းလေးက သူမ နားတွင် ရစ်ဝဲ နေသော်လည်း ထိုခေါင်းလျှော်ရည်အနံ့ကို သူမ သိပ်ပြီးစိတ်တိုင်းမကျပေ။
ထိုစဉ် လီဆာ က သူမ ၏ အိမ်ထဲမှ စက်ဘီး တွန်းကာ ထွက်လာသည်ကို ဂျင်းနီ တွေ့လိုက်လေသည်။
သို့သော် လီဆာ က သူမ ကိုလည်းမြင်တော့ ချက်ချင်းပင် တစ်ဖက်သို့ အကြည့်ပြောင်းသွားသဖြင့် စိတ်ထဲတွင် တနုံ့နုံ့ဖြစ်သွားလေသည်။
ထို့ကြောင့် ဂျင်းနီ လီဆာ့ ထံသို့ လျှောက်သွားလိုက်ကာ အလှဆုံးပြုံးပြလိုက်ပြီးနောက် သူမ ရဲ့ အကြံအစည်ကို အကောင်အထည်ဖော်ရန် အတွက် ပြင်ဆင်နေစဉ် လီဆာ့ ထံ မှ ကြားလိုက်ရသော စကားကြောင့် သူမ ရဲ့ အကြံအစည်တွေမှာ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားလေသည်။"ခြေထောက်က သက်သာသွားပြီလား?"
"ဟမ်?"
လီဆာ့ ကို လက်စားချေချင်ဇောဖြင့် ခြေထောက်ခေါက်နေသည်ကိုပင် သူမ မေ့သွားလေသည်။
'ဘာလား....ငါ့ ကို စိတ်ပူပေးနေတာလား........တစ်မိုးအောက်က လီဆာ ကလေ´
ဂျင်းနီ လီဆာ့ အမေး ကိုပြန်မဖြေသေးဘဲ သူမ ကို အဲလိုမေးရသည့်အကြောင်းအရင်းကို သိချင်သဖြင့် လီဆာ့ ကို အကဲခတ်နေစဉ်
"စိတ်ပူလွန်းလို့တော့ မဟုတ်ပါဘူး ငါ့ ကြောင့် လူတစ်ယောက် ခြေထောက်ဖြတ်ပစ် လိုက်ရတယ် ဆိုပြီး သတင်းမထွက်ချင်လို့ မေးကြည့်တာ......"
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...