60

228 25 0
                                    

Uni

ဂိုဏ်းတေွကြား ထင်ရှားတဲ့ ပွဲတစ်ခု။
ထိုပွဲတွင် တစ်ယောက်နှင့်တစ်ယောက် မကျေနပ်ပါက သတ်လည်းသတ်လို့ရသလို တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်းအဆင်ပြေပါက အချီကြီးပွသွားနိုင်သည့်် ပွဲ။

ထိုပွဲရဲ့စီစဥ်သူဟာ လူလံုးထွက်မပြပေမယ့် တော်တော်လေးကျိကျိတက်ချမ်းသာမယ့်ပံု။

ချမ်းသာမယ်ဆို ထိုပွဲကို တက်ခွင့်ရဖို့ ပိုက်ဆံတော်တော်များများသံုးရလို့ပင်။

ပြောစရာမလိုအောင် ထိုပိုက်ဆံတေွဟာ ထိုလူထံပဲရောက်မည်သာ။

ဂျီဆူ အခုလည်း ထိုပွဲကိုရောက်နေြခင်း။

အသက်အန္တရာယ်ကျရောက်မည်ဆိုတာ သိသိရက် လာခဲ့ခြင်းဆိုတာထက် သေွးကြေွးအဆပ်ခံဖို့ လာခဲ့ခြင်းသာ။

ဒီအချိန်မှာ သူမ ရဲ့အသက်ကိုလိုချင်တဲ့ ဂိုဏ်းတော်တော်များသည်လေ။

"boss အခြေအနေသိပ်မကောင်းဘူး..ကျွန်တော်တို့ပြန်ကျရင်ကောင်းမယ်"

black ရဲ့ မူပျက်နေတဲ့အပြုအမူကြောင့် နှုတ်ခမ်းလှလှတို့ပြံုးမိလျက်သား။

"မင်း အဖေနဲ့တေွ့ပြီးပြီလား"

သူမ ရဲ့ စကားတို့ကြောင့် ထိတ်လန့်သွားသောမျက်ဝန်းအစံု။

"ငါ မသိဘူးထင်နေတာလား black ဒီလောကမှာ ငါမသိတာမရှိဘူး"

"ဒါ...ဒါဆို......"

"အင်း....ငါ သိသိရက်နဲ့ မင်းကို အနားမှာ ခေါ်ထားခဲ့တာ....ငါလည်း အနားယူချင်နေပြီလေ....ဒါပေမယ့်လည်း မထင်မှတ်ထားတာက....."

"ကျွန်တော်...."

"ရပါတယ်...အဲတာက အဆင်ပြေပါတယ်.....တကယ်လို့ သူမ နဲ့သာ ငါမဆံုဖြစ်ခဲ့ရင် သူမ ကိုသာ မချစ်မိခဲ့ရင် ငါ့ဘေးနားမှာမင်းရှိနေလောက်တယ်.....လူတစ်ယောက်နဲ့ဆံုတေွ့ဖို့ စောတာနောက်ကျတာဟာ.....အဲလူတစ်ယောက်ရဲ့ဘဝမှာ အများကြီးသက်ရောက်နိုင်တယ်....နောင်တတေွလည်း မရချင်တော့ပါဘူးလေ....တကယ်လို့ အဲတုန်းကသာ သူမ ဆွဲထားတဲ့လက်ကို မလွှတ်ခဲ့ဘဲနေခဲ့မယ်ဆိုရင် ဒီအဖြစ်အပျက်တေွလည်း ဖြစ်လာမှာမဟုတ်ဘူး.....စောင့်နေမယ် ထင်ခဲ့တဲ့သူက သူ့စကားအတိုင်းစောင့်မနေခဲ့လို့....မင်းရဲ့အစ်ကိုနဲ့ဘာမှန်းတောင်မသိရသေးတဲ့ ကလေးကို ငါ သတ်မိခဲ့တယ်....ပိုင်ဆိုင်ချင်စိတ်ဟာ သိပ်ကိုကြောက်ဖို့ကောင်းတယ်....တကယ်တော့ စချစ်ခဲ့တာ သူမ ဖြစ်ပြီး ဆက်ချစ်နေတာက ငါပဲဖြစ်နေတယ်......နောက်ဆံုးထိငါပဲ.....သူမ က ငါ့ဘက်ကို လံုးဝကိုလှည့်မလာတော့တာ....မင်းလည်း တစ်ချိန်မှာ ငါ့ထက်ချစ်ရမယ့်သူပေါ်လာရင် သူ့လက်ကို ဖြုတ်မချခဲ့နဲ့....ဘယ်သူ့အတွက်ကြောင့်နဲ့ပဲဖြစ်ဖြစ်"

SHE (completed)Where stories live. Discover now