Zawgyi
ဂျင်းနီ ညတုန်းက အတော်သောက်ထားသည်မို့ ခေါင်းတွေလည်းတော်တော်ထိုးကိုက်နေသဖြင့် နားထင်အားလက်ကလေးဖြင့်ဖိကိုင်လိုက်ကာ အိပ်နေရာမှ လူးလွန့်ကာထလာလေတော့သည်။
ထို့နောက် သူမ ရဲ့ ဖုန်းကိုလိုက်ရှာလိုက်ကာ အချိန်ကိုကြည့်လိုက်တော့ 10 နာရီ တောင်ထိုးနေပြီဖြစ်သဖြင့် လန့်သွားလေတော့သည်။
ထို့ကြောင့် ကပျာကယာဖြင့် အိပ်ရာ ထက်မှ ပြေးဆင်းသွားကာ ရေးချိုးခန်းထဲသို့ဝင်သွားလေတော့သည်။ရေချိုးခန်းမှ ထွက်လာပြီးနောက် အ၀တ်အစားကို မြန်မြန်လဲကာ ပါးစပ်ကလည်း 'ချယ်ယောင်းမ ငါ့ကို နိုးမသွားဘူး ကျောင်းရောက်မှ တွေ့မယ် ဘာမယ် နဲ့´ တတွတ်တွတ်ရွတ်နေကာ မီးဖိုခန်း ထဲသို့ ခပ်သွက်သွက် သွားလိုက်လေသည်။မီးဖိုခန်း ထဲကိုရောက်တော့ ထမင်းစားပွဲတွင် အကျအန ထိုင်ကာ ကြက်ကြော်စားနေသော ချယ်ယောင်း ကို မြင်လိုက်ရသည်မို့ ဂျင်းနီ အံ့သြသွားကာ ချယ်ယောင်း နားသို့ သွားလိုက်လေသည်။"ကျောင်းမသွားဘူးလား...???"
သူမ မေးလိုက်တော့ ချယ်ယောင်း က သူမ အား လူထူးဆန်းသဖွယ် ကြည့်လာလေသည်။
"ဒီနေ့ ပိတ်တယ်လေ......!"
"ဟမ်.....တစ်ရက်ပဲတက်ရသေးတယ်လေ.....ဘယ်လိုလုပ်ပြီး......"
ချယ်ယောင်း ဂျင်းနီ အား 'အ ရန်ကော´ ဟူသော အကြည့်ကြည့်ပေးလိုက်ကာ ဘေးနားရှိ ရေခွက်အား ယူကာ မော့သောက်လိုက်ပြီးနောက်...
"ပြက္ခဒိန် လေး ဘာလေး လည်း ကြည့်ပါဦးဟယ်"
ချယ်ယောင်း ပြောမှ ဂျင်းနီ ဖုန်း ကို ထုတ်ကာ ကြည့်လိုက်တော့ ကျောင်းပိတ်ရက်ဖြစ်နေလေသည်။ထို့ကြောင့် သက်ပြင်းချလိုက်ကာ ချယ်ယောင်း ရဲ့ ရှေ့တွင် ၀င်ထိုင်လိုက်ပြီးနောက် ချယ်ယောင်း ရဲ့ ဘေးက ရေခွက် ကို ဆွဲယူ ကာသောက်လိုက်တော့သည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...